"မောင့်ကို ကြည့်ပြီး ဘာတွေတွေးနေတာလဲ"
"မောင်အရမ်းသဝန်တိုတဲ့အကြောင်းတွေ တွေးနေတာ… မောင်ကပဲ ကိုယ့်ငါးချဉ်ကိုယ်ချဉ်နေပြီး စိတ်မချတွေဖြစ်နေတာ… နှောင်းကိုလေ မောင်ကလွဲလို့ ဘယ်သူကမှ မျက်လုံးထဲမရှိဘူး မောင်ရဲ့"
"ရှိလို့လည်း မရပါဘူး… မ,က မောင့်အပိုင်"
"ဟွန့်"
မျက်လုံးကို တစ်ဖက်မှိတ်ပြကာ ပြောလာတဲ့ပုံက ပစ်ကြွေချင်စရာကောင်းလောက်အောင် နှောင်းကတော့ အမြင်ကပ်ပုဒ်မဖြင့် နှာခေါင်းရှုံ့ပြလိုက်သည်။
ကလေးဆိုးလေးလို နှာခေါင်းရှုံ့ပြလာတဲ့ မ,က အသည်းယားစရာကောင်းနေတာမို့ ကားမောင်းနေရင်းနဲ့ မ,ရဲ့လက်တစ်ဖက်ကို ဆွဲယူကာ နမ်းရှိုက်လိုက်ပြီး
"တီမြိုင်တို့နဲ့ ညစာစားဖို့ချိန်းထားတာဆိုတော့ ခုနေ့လည်စာကို ဘယ်မှာစားချင်လဲ မ"
"အင်းးးး ခုမြောက်ဥက္ကာဘက် ရောက်နေပြီဆိုတော့ မွန်မလေးဆိုင်ကို သွားရအောင်လေ… အဲ့က ဝက်သားနဲ့မရမ်းသီးချက်ထားတာလေး စားချင်လို့… စားပြီးမှ အိမ်ပြန်ပြီး ခဏအိပ်လိုက်မယ်… မောင်ကရော ဘာလုပ်စရာရှိသေးလဲ"
"၄နာရီလောက်ကျရင် ဧည့်သည်တစ်ယောက်နဲ့ကုမ္ပဏီမှာ ချိန်းထားတာရှိတယ်… ခုထမင်းစားပြီးရင် မ,ကို အိမ်ပြန်လိုက်ပို့ပေးမယ်လေ… ပြီးကျရင် မောင့် Appointment သွားလိုက်မယ်… ပြီးတာနဲ့ မ,ကို ပြန်လာခေါ်ပြီး တီမြိုင်တို့ဆိုင်ကို သွားကြတာပေါ့"
"အိုခေ"
နှစ်ယောက်သား သဘောတူညီမှုရပြီးတာနဲ့ မွန်မလေးထမင်းဆိုင်မှာ နေ့လည်စာသွားစားဖြစ်ကြသည်။ နေ့လည်စာစားအပြီး ကားပေါ်အရောက်မှာတော့ စေ့ဆီ ကောင်းပြည့်မှာ ဖုန်းဆက်လာပြီး
"အဲ့ဒါက ငါ့အိမ်မှာကွ… ခုက အရေးတကြီးလိုနေတာလား… ပြောတော့ ၄နာရီမှဆို"
"……………"
"ငါအခု မြောက်ဥက္ကာထဲမှာပဲ ရှိသေးတယ်… ပြီးရင် မ,ကို အိမ်ပြန်လိုက်ပို့ရဦးမှာ"
"……………"
"အိုခေ အိုခေ ငါစဉ်းစားကြည့်လိုက်ဦးမယ်… ဒါပဲနော်
💕Home Sweet Home💕
Start from the beginning
