💕Home Sweet Home💕

Comenzar desde el principio
                                        

💕💕💕💕💕

"ဟုတ်ကဲ့ မမမြတ်… အားလုံးအဆင်ပြေခဲ့ပါတယ်"

"……………"

"ဟုတ်ကဲ့… ဒါနဲ့ ရွိုင်ရယ်လေးရော သက်သာပြီလား"

"……………"

"ဪ တော်သေးတာပေါ့… အဲ့ဒါဆို ဒါပဲနော် မမမြတ်… မန်းဒေးကျမှ အသေးစိတ်ကို နှောင်းအစီရင်ခံပါ့မယ်"

"……………"

"ဟုတ်ကဲ့ပါ"

စေ့အစ်မဖြစ်သူနဲ့ ဖုန်းပြောခြင်းကို အဆုံးသတ်လိုက်ပြီး ဖုန်းကိုအိတ်ထဲထည့်နေတဲ့ မ,ကို ကားမောင်းနေရင်းကနေ တစ်ချက်ကြည့်လိုက်ပြီး

"အလုပ်တွေ အဆင်ပြေခဲ့ရဲ့လား "မ""

"အင်း ပြေပါတယ် မောင်ရဲ့… ဘာလို့လဲ"

"ကားပေါ်ရောက်ကတည်းက အစ်မနဲ့ဖုန်းပြောနေလို့လေ… မောင်နဲ့တောင် ကောင်းကောင်းအလွမ်းမသယ်ရသေးဘူး… မ,အလုပ်ကိစ္စတွေက ခုထိမပြတ်သေးဘူးလား"

"ဟွန့်… အလုပ်ကိစ္စတွေက အဆင်ပြေတယ်ဆိုပေမယ့် ပြန်ရောက်ရင် ရောက်တဲ့အကြောင်းကိုတော့ သူဌေးဆီ အစီရင်ခံစာတင်သင့်တယ်လေ… နောက်ပြီး ဒီခရီးမှာ မမမြတ်ကလည်း မပါတော့ မမမြတ်သိသင့်သိထိုက်တာတွေကို အချိန်နဲ့တပြေးညီ တစ်ခါတည်း Report တင်နေရတာ"

နှောင်းမှာ စကားပြောရင်း မောင့်မျက်နှာချောချောကို ကြည့်နေမိရင်း နှောင်းစင်္ကာပူသွားနေတဲ့ရက်အတွင်း အားနေ Video Call လှမ်းခေါ်ဖို့ပဲ ပြောနေတဲ့ မောင့်အကြောင်းတွေးကာ ပြုံးမိလိုက်သည်။

အစကတော့ မမမြတ်နဲ့နှောင်းနဲ့ နှစ်ယောက်အတူတူ သွားဖို့လုပ်ထားပေးမယ့် ရွိုင်ရယ်လေးက အစာအိမ်ရောင်ပြီး ဆေးရုံတင်ရမယ့် အခြေအနေမို့ မမမြတ်မှာ လေဆိပ်ရောက်မှ ဆေးရုံကို ပြန်ပြေးလိုက်ရတဲ့အဖြစ်။ ဒါကြောင့်လည်း နဂိုကတည်းကမှ နှောင်း စင်္ကာပူသွားဖို့ကို သဘောမကျတဲ့မောင်ဟာ နှောင်းကို တဂျီဂျီ ဖုန်းဆက်ပြီး VCလှမ်းခေါ်လေ့ရှိသည်။ 

နှောင်းတစ်ယောက်တည်းသွားရမယ်ဆိုတာလည်း သိရော ညနေဖလိုက်နဲ့လိုက်လာမယ်ဆိုပြီး ပြောနေတဲ့မောင့်ကို နှောင်းမှာ မလိုက်လာဖို့ကို ညလုံးပေါက် VC နဲ့ ချော့လိုက်ရသေးတယ်။ ခုလိုစိတ်မချဖြစ်နေရတဲ့ အကြောင်းအရင်းကလည်း ကိုဝေယံကြောင့်ပါတဲ့လေ။ နှောင်းအပေါ်ကို အရမ်းသဝန်တိုတတ်တဲ့မောင်ပင်။

💕 Feeling of Love 💕 (Unicode Ver)Donde viven las historias. Descúbrelo ahora