ထိုအခါမှ မောင်က အသိဝင်လာသူမျိုးလို နှောင်းကို ကြည့်ကာ
"ဆော်…ဆော်ရီး မ… မောင် တောင်းပန်ပါတယ်… မောင် စိတ်လွတ်သွားတာထင်တယ်… လန့်သွားလား… ဆော်ရီးနော်… မောင် တကယ်တောင်းပန်ပါတယ်"
"ဟင့်အင်း နှောင်းနားလည်ပါတယ်… နှောင်း… နှောင်းလည်း မောင့်ကို မကြည်ဖြူတာ မဟုတ်ပါဘူး… နှောင်းက ဒီအတိုင်း… ဘယ်လိုပြောရမလဲ… နှောင်းဘက်က အဆင်သင့်မဖြစ်သေးတာကြောင့်ပါ"
နှောင်း မောင့်ကို မဝံ့မရဲကြည့်ကာ ပြောလိုက်မိတာက မှန်သောစကားရယ်သာ။ ချစ်သူသမီးရည်းစားနှစ်ယောက်က ဒီလိုအချိန် ဒီလိုအနေအထားမျိုးမှာ ဘယ်သူက စိတ်မလွတ်ပဲနေပါ့မလဲ။ နှောင်းကိုယ်တိုင်ကလည်း ရို့မန့်တွေကို သဘောကျသူမို့ ချစ်သူနှစ်ဦးကြားက အထိအတွေ့သဘာဝကို နားလည်ပါသည်။ မောင့်အနေနဲ့ ဒီနေ့ဒီအချိန်ထိ နှောင်းအပေါ် ဘာမှမတောင်းဆိုပဲ ဖြူဖြူစင်စင်ချစ်ပေးတာကိုလည်း နှောင်းအနေနဲ့ ကျေးဇူးတင်မိပါတယ်… နှောင်းလည်း ရံဖန်ရံခါ မှောင်မိုက်တဲ့အတွေးမျိုး တွေးမိသေးတာ မောင့်လိုယောကျာ်းလေးအတွက်ဆို ပိုလို့တောင် ဆိုးနိုင်သည်ဆိုတာကို တွေးမိတော့ မောင့်ကိုလည်း အားနာမိပြန်သည်။
အားနာစိတ်ကြောင့် မောင့်မျက်နှာကို မဝံ့မရဲပြန်ကြည့်မိတော့ မောင်က ပြုံးပြကာ နဖူးလေးကို အသာအယာနမ်းရင်း
"မ,ခံစားချက်ကို မောင်နားလည်တာပေါ့… ဒါကြောင့် ဘာမှအားနာနေစရာမလိုဘူး… မောင့်ဘက်က မောင့်နှောင်းငယ် အဆင်သင့်ဖြစ်တဲ့အချိန်ထိ စောင့်နိုင်တယ်… အခုက မထင်မှတ်ထားဘဲ မ,က မောင့်အိမ်ကိုရောက်လာပြီး မောင့်ကုတင်ပေါ်မှာ အိပ်ထားတယ်ဆိုတဲ့ အတွေးက… သိတယ်မလား မောင်တို့ယောကျာ်းလေးတွေရဲ့စိတ်ထဲမှာကျတော့ တစ်မျိုးတစ်ဖုံတွေးမိသွားတာလေးတွေ ရှိလို့ စိတ်လွတ်သွားတာရယ်… နောက်မဖြစ်စေရဘူးလို့ မောင်ကတိပေးတယ်နော်… မောင့်နှောင်းငယ်က ဘာမှစိုးရိမ်စရာမလိုဘူး ဟုတ်ပြီလား"
"နှောင်းငယ်"
နှောင်းကို မောင်ခေါ်တဲ့ နာမ်စားတစ်ခုကြောင့် နှောင်း အံ့ဩသလို ရေရွတ်လိုက်မိတော့ မောင်က
"အင်း ဟုတ်တယ်… မောင့်နှောင်းငယ်က ဘယ်အချိန်ကြည့်ကြည့် မောင့်အတွက် ချစ်စရာကောင်းပြီး အသည်းယားစရာကောင်းလွန်းလို့ ပေးထားတဲ့ nickname လေး… ဘယ်လိုလဲ သဘောကျလား"
"အင်း သဘောကျတယ်"
နှောင်း ပြုံးရယ်ကာ သဘောကျတယ်လို့ပြောရင်း တစ်စုံတစ်ခုကို စိတ်ပိုင်းဖြတ်လိုက်မိသည်။ နှောင်းဆုံးဖြတ်ချက်က မှန်လား မှားလား မသိပေမယ့် အခုချိန်မှာတော့ နှောင်း ရင်ထဲက လိုလားကြည်ဖြူစွာဖြင့် ထိုဆုံးဖြတ်ချက်ကို ချလိုက်ခြင်းဖြစ်သည်။
💕💕💕💕💕💕💕💕💕💕
အပိုင်း ၃၃
#haru_rin
နောက်တစ်ပိုင်းက ဆန်းဒေးမှလာမယ်နော် ချစ်သည်းတို့ရေ…
တစ်ပတ်နှစ်ပိုင်းတင်ရမှာမို့ တစ်ပိုင်းကို တိုတိုလေးပဲရေးမယ်လို့ တွေးထားပေမယ့် ထုံးစံအတိုင်း ရှည်သွားတာပဲရယ်😁
စေ့အိမ်ကို အကြမ်းဖျင်း ဒီလိုလေး မှတ်ထားလိုက်နော်👇🏻
စေ့အိမ်ကကျတော့ အိပ်ခန်းကို အခန်းတံခါးဘာညာနဲ့ပေါ့။ ပန်းချီဆွဲတဲ့အခန်းနဲ့ စတိုခန်းက တီဗီနောက်ဘက်နံရံတစ်ဖက်မှာရှိတယ်လို့မှတ်ထားပေးနော်။ တီဗီရဲ့အပေါ်ဘက်ကကျတော့ ဝရံတာရှိမယ်။ အဲ့လိုလေးပါရှင့်😁
Oops! Bu görüntü içerik kurallarımıza uymuyor. Yayımlamaya devam etmek için görüntüyü kaldırmayı ya da başka bir görüntü yüklemeyi deneyin.
💕Home Sweet Home💕
En başından başla
