💕Home Sweet Home💕

Start from the beginning
                                        

အပေါ်နှုတ်ခမ်း အောက်နှုတ်ခမ်းကို တစ်လှည့်စီ နမ်းရှိုက်နေရင်း ပိုမိုပြင်းပြလာတဲ့ မောင့်အသက်ရှုသံကို နှောင်းသတိထားမိချိန်မှာ မောင့်လျှာက နှောင်းရဲ့သွားတွေကို တို့ထိကာ နှောင်းခံတွင်းထဲဝင်ဖို့ ခွင့်တောင်းနေသယောင်။ ထို့ကြောင့် နှောင်းနှုတ်ခမ်းတို့ကို အသာအယာဖွင့်ဟပေးလိုက်တယ်ဆိုရင်ဘဲ မောင့်လျှာက နှောင်းခံတွင်းထိ ဝင်ရောက်လာကာ ပိုမိုပြင်းပြတဲ့အနမ်းတွေကို ပုံဖော်လာတော့သည်။

ဒါ့အပြင် နမ်းနေရင်း အရှိန်ပါလာတဲ့မောင့်ကြောင့် မောင့်ကိုဖက်ထားတဲ့လက်‌တွေဟာ ကုတင်ပေါ်က မွေ့ယာပေါ် နောက်ပြန်ထောက်မိရက်သား ဖြစ်သွားသည်။ သို့ပေမယ့် မောင်ကတော့ နှောင်းကို နမ်းနေတာတောင် မပျက်ပေ။ လက်တစ်ဖက်က နှောင်းရဲ့ခါးကိုပွေ့ထားကာ ကျန်လက်တစ်ဖက်က နှောင်းရဲ့ကျောပြင်ကို အစုန်အဆန်ပွတ်သက်လာတာကြောင့် နှောင်း ကြက်သီးမွေးညှင်းများ ထသွားရလေသည်။ မောင့်အနမ်း‌တွေကြောင့် နှောင်း အသက်ရှုကြပ်လာတော့ မောင့်ပုခုံးကို အသာပုတ်ကာ သတိပေးလိုက်သည်။ မောင်ကတော့ နှုတ်ခမ်းတွေကို နမ်းနေရာမှ နှောင်းရဲ့လည်တိုင်ကို အနမ်းတွေက ရွေ့သွားလေသည်။

လည်တိုင်ကတစ်ဆင့် နှောင်းဝတ်ထားတဲ့တီရှပ်ရဲ့ လည်ပင်းပေါက်ကို အနည်းငယ်ဆွဲကာ လည်တိုင်နဲ့ပုခုံးကြားနေရာလေးကို အနမ်းတို့ပေးလာပြန်သည်။

"မောင်"

နှောင်း စိတ်လှုပ်ရှားကာ ခေါ်လိုက်မိပေမယ့် မောင်က မကြားဟန်ဆောင်တာလား တကယ်မကြားတာပဲလားတော့ မသိ နှောင်းနှုတ်ခမ်းတွေကို ထပ်မံနမ်းရှိုက်လာပြန်သည်။ ရိုးရိုးသာမာန်အနမ်းမျိုးမဟုတ်ဘဲ ပြင်သစ်အနမ်းမျိုး နမ်းနေတာကြောင့် နှောင်းမှာ မနည်းလိုက်မှီအောင် ကြိုးစားနေရချိန်မှာ မောင့်လုပ်ရပ်ကြောင့် ခေါင်းထဲအချက်ပေးခေါင်းလောင်းသံတွေ မြည်လာသလိုခံစားလိုက်ရသည်။

မောင်ရယ်လေ နှောင်းကျောပြင်ကို ပွတ်သပ်နေ‌တဲ့လက်က ဘယ်ကဘယ်လို နှောင်းရင်ဘတ်ပေါ်ရောက်လာလဲ မသိပါ။ နှောင်းရင်ဘတ်ကို ဖွဖွလေး ဆုပ်ညှစ်လာတဲ့ခံစားချက်ကြောင့် မောင့်ကို အလန့်တကြား ဖယ်လိုက်မိသည်။

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now