ဒုန်း!!!!!
"အမယ်လေး!!! "
ဖိုင်တွဲကို ငုံ့ကာ အချက်အလက်တွေ သေချာစစ်နေရာမှ နှောင်းရဲ့စားပွဲပေါ်သို့ ဒုန်းဆိုပြီး ဖိုင်တစ်ဖိုင်နဲ့ရိုက်ချလာတာမို့ နှောင်းလန့်ပြီး အော်မိသည်။ ဘယ်သူလဲဆိုပြီး မော့ကြည့်လိုက်တော့ အစ်မသူဇာဖြစ်နေတာမို့ ဘာလို့လဲဆိုတဲ့အကြည့်ဖြင့် နှောင်း အစ်မသူဇာကို မော့ကြည့်လိုက်မိသည်။
"ကဲ ပြောပါဦး... မနေ့ညကတင်တဲ့ပိုစ့်အကြောင်း"
"ဟင်... ဘာကို"
"မသိချင်ယောင်ဆောင်မနေနဲ့... ရှင်လေးများ အရင်ပြောမလားဆိုပြီးစောင့်နေတာ... ရှင်ကအရင်မပြောတော့ မနေနိုင်တဲ့ကျွန်မတို့ကပဲ လာမေးရတော့တာပေါ့... ပြောပါဦး ဘယ်ကနေ ဘယ်လို မြတ်ရဲ့မောင်လေးနဲ့ ချစ်သူတွေဖြစ်သွားကြတာလဲ"
"ဟို........."
"ဝေ့လည်ကြောင်ပတ်ဖြေမယ်လို့တော့ မကြံနဲ့နော်... ကျွန်မတို့တွေမှာ မနေ့က Surprise ကြောင့် ရင်တွေတုန် ဝမ်းတွေသာပြီး သိချင်လွန်းအားကြီးလွန်းလို့ ကုမ္ပဏီကို တစ်ခါမှ မရောက်ဖူးတဲ့အချိန် ၈နာရီနဲ့လူတွေဆုံနေကြတာ"
"ဟုတ်တယ် အစ်မနှောင်းရဲ့... အစ်မတို့ရဲ့ ချစ်ပုံပြင်လေးကို သီရိတို့ကို ပြောပြပါနော်... အရမ်းတွေ သိချင်နေလို့... ပြီးတော့ မနေ့က ပို့စ်မှာ မစ္စတာစေတင်ထားတာဆိုရင် ရိုလိုက်တာဆိုတာ အိုင်းးးးစ်စ်စ် ပြောပြနော် အစ်မနှောင်း... နော်"
အားလုံးရဲ့မျက်နှာက နှောင်းဝင်ဝင်လာခြင်းတုန်းကလို တည်နေတာမျိုးမဟုတ်တော့ဘဲ ရယ်ရယ်မောမောနဲ့ နှောင်းနဲ့မောင့်အကြောင်းကို သိချင်နေကြတဲ့ပုံဖြစ်တာမို့ နှောင်းလည်း ခုမှစိတ်သက်သာရာရသွားကာ
"နှောင်းက အစ်မသူဇာတို့နှောင်းကို စိတ်ခုနေမယ်ထင်တာ"
"ဟယ် စွပ်စွပ်စွဲစွဲအေ"
"အစ်မသူဇာတို့လည်း တွေ့မှာပေါ့... နှောင်းတို့တင်ထားတဲ့ပုံအောက်က မန့်တွေကို... အားပေးဂုဏ်ပြုပေးတဲ့သူက နည်းနည်း မကောင်းမပြောကြတဲ့သူတွေက များများဆိုတော့ နှောင်းလည်း အစ်မသူဇာတို့ကို အဲ့များများထဲပါမယ်ထင်နေတာ"
💕Don't Touch My Girl💕
Start from the beginning
