💕Don't Touch My Girl💕

Start from the beginning
                                        

"ဝါးးး တကယ်ပေါ့လေ... ဂုဏ်ယူပါတယ်နော် အစ်မနှောင်း... အားကျလိုက်တာ အရမ်းပဲ"

နှောင်းရဲ့လက်ကိုဆွဲကာ စိတ်လှုပ်ရှားဟန်ဖြင့် ခုန်ဆွခုန်ဆွဖြစ်နေကြတဲ့ ကောင်မလေးတွေကို ကြည့်ကာ နှောင်းကိုယ်တိုင်လည်း ရယ်မိသည်။

"သမီးတို့အစ်မနှောင်းကို အပိုင်သိမ်းသွားတာ ကိုစေညွှန်ရာလို လူမျိုးဆိုတော့ တကယ်ပြောတာ အစ်မနှောင်းအစား အရမ်းပျော်တာပဲ သိလား"

"ဟုတ်ပါပြီရှင်... ခုလို ဝမ်းသာပေးကြလို့ ကျေးဇူးတင်ပါတယ်... အစ်မအပေါ်တက်တော့မယ်နော်"

"ဟုတ်ကဲ့"

ကလေးတွေကို နှုတ်ဆက်ပြီး နှောင်းအပေါ်ထပ်ကိုတက်လာခဲ့လိုက်သည်။ အရောင်းဝန်ထမ်းအဖြစ်ခန့်ထားတဲ့ကောင်မလေးတွေက အသက် ၂၀ ဝန်းကျင်အရွယ် ကျောင်းတစ်ဖက်နဲ့အလုပ်လုပ်နေတဲ့သူတွေများတာမို့ နှောင်းရဲ့ညီမလေးအရွယ်တွေပင်။ နောက်ပြီး နှောင်းက သူတို့လိုမျိုး ရုန်းကန်ခဲ့ရတဲ့သူမို့ စာနာကာ အမြဲတမ်းသူတို့လေးတွေအပေါ် ကောင်းပေးခဲ့တော့ အခုလည်း နှောင်းအတွက် သူတို့လည်း ဝမ်းသာပေးနေကြတာဖြစ်နိုင်သည်။

ပထမထပ်ကို ရောက်တယ်ဆိုရင်ပဲ ရုံးခန်း မှန်တံခါးချပ်ကြီးကို တွန်းမဖွင့်ခင် အသက်ကိုဝအောင်ရှုသွင်းလိုက်ပြီး မှန်တံခါးကို တွန်းဖွင့်ကာ အထဲသို့ဝင်လိုက်သည်။

"မောနင်း"

နှောင်း အားလုံးကို ပုံမှန်အတိုင်းနှုတ်ဆက်လိုက်ပြီး လုပ်နေကျအတိုင်း Finger Print ကို သွားနှိပ်လိုက်ပြီးနောက် စားပွဲရှိရာသို့လျှောက်သွားပြီး လွယ်လာတဲ့ပိုက်‌ဆံအိတ်ကို ထိုင်ခုံမှာချိတ်လိုက်ပြီး ဝင်ထိုင်လိုက်သည်။ မသိမသာနဲ့ မျက်လုံးလေးဝေ့ကာ တစ်ခန်းလုံးရဲ့အခြေအနေကို အကဲခတ်ကြည့်တော့ နှောင်းကို သေချာကြည့်နေကြတာမို့ သွား ၃၂ချောင်းလုံးပေါ်အောင် ဟီးခနဲ ပြုံးပြလိုက်ပေမယ့် နှောင်းကို ဘယ်သူကမှ ပြန်မပြုံးပြတာမို့ အရှက်ပြေချောင်းဟန့်လိုက်ပြီး စားပွဲပေါ်မှာရှိတဲ့ မနေ့ကလုပ်လက်စ ဖိုင်တစ်ဖိုင်ကို ဆွဲယူကာ အလုပ်လုပ်နေလိုက်သည်။

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now