မောင်က နှောင်းအပြောကို သဘောကျသလို ရယ်လိုက်ရင်း ပန်းစည်းပေါ်မှာ ဖွဖွလေးတင်ထားတဲ့ နှောင်းရဲ့လက်ဖဝါးလေးကို အပေါ်ကနေအုပ်မိုးကာ ကိုင်ထားရင်း
"အဲ့ဒါက တစ်ခြားသူတွေရဲ့ ပညတ်ချက်တွေပါ... မောင်ကတော့ မောင့်မိန်းကလေးကို မောင့်ခံစားချက်နဲ့ မောင်ပေးတာ"
မောင်က ပြောပြီးတာနဲ့ နှောင်းရဲ့ပါးပြင်ကိုနမ်းရှိုက်လာတာမို့ နှောင်းပါးလေးတွေ မို့တက်လာတဲ့အထိ ပြုံးလိုက်မိသည်။
"ချစ်တယ်... ဒီနေ့က မောင်နဲ့ မ, ချစ်သူဖြစ်တာ ရက်ပေါင်း ၁၀၀ တိတိ ပြည့်တဲ့နေ့... ကျေးဇူးတင်တယ်... မ,ရဲ့ချစ်သူအဖြစ် မောင့်ကို အခွင့်အရေးပေးခဲ့လို့... ရက်ပေါင်း ၁၀၀ ပြည့်တဲ့ ဒီနေ့ကစပြီး နောင်နှစ်ပေါင်း ၁၀၀ တိုင်အောင် မောင်အသက်ရှင်နေသ၍ မ,တစ်ယောက်တည်းကိုပဲ ချစ်သွားမယ်ဆိုတဲ့ အဓိပ္ပါယ်နဲ့ ဒီပန်းစည်းကို ပေးတာ"
"မောင်"
ကြည်နူးဝမ်းသာမှုတို့က အတိုင်းအဆမဲ့စွာဖြင့် မောင်ဆိုတဲ့နာမ်စားလေးကိုသာ နှောင်းမှာ ရေရွတ်နိုင်တော့သည်။
"ကျေးဇူးတင်ပါတယ် မောင်... နှောင်းကို ခုလိုမျိုး ဂရုတစိုက်နဲ့ချစ်ပေးတဲ့အတွက် နှောင်းကလည်း မောင့်ကို ကျေးဇူးတင်ပါတယ်... ချစ်တယ် မောင်"
မျက်ရည်လေးတွေဝဲလာရင်း ပြောလာတဲ့ မ,ရဲ့ပါးပြင်လေးကို လက်ဖဝါးလေးနဲ့ ဖွဖွလေးပွတ်သပ်လိုက်ရင်း
"ဘာလို့ မျက်ရည်ကဝဲနေရတာလဲ"
"အဟင်းးး ပျော်လို့လေ... နှောင်းဘဝမှာ ဒီလိုအချစ်ခံရမယ်လို့ တစ်ခါမှ မတွေးရဲခဲ့ဖူးဘူး... စိတ်ကူးထားခဲ့ပေမယ့် စိတ်ကူးထဲကအတိုင်း အချစ်ခံနေရတော့ ပျော်လို့ မျက်ရည်က သူ့ဘာသာဝဲလာတာ"
"မ,က အချစ်ခံထိုက်တဲ့မိန်းကလေးပါ... မောင့်ရဲ့မိန်းကလေးလေ... နောင်နှစ်ပေါင်းများစွာထိ မောင် က မ,ကို အချစ်တွေနဲ့မြတ်နိုးယုယပေးပါ့မယ်"
နှောင်းကို ပွေ့ဖက်လာတဲ့ မောင့်ရဲ့သန်မာလှတဲ့လက်တွေကြားမှာ အလိုက်သင့်နေရင်း မောင့်ကျောပြင်ကျယ်ကြီးကို မမှီမကမ်းပြန်လည် ဖက်တွယ်ထားလိုက်တော့သည်။ အတန်ကြာအောင် ပွေ့ဖက်ပြီးနောက် ထိုနေရာကနေ ကားမောင်းထွက်လာရင်း ဦးတည်ရာက ဒီနေ့ညစာအတူတူစားမယ့် ဟိုတယ်ဆီသို့။
💕Been together for 100 days💕
Start from the beginning
