"ည ၇နာရီထိုးပြီးသွားပြီ"
"ဟင်"
"ဖြည်းဖြည်းထလေ မ,ရဲ့... ခေါင်းတွေတော့ ပိုမူးတော့မှာပဲ"
အိပ်နေရာကနေ ရုတ်တရက်ထထိုင်လိုက်တဲ့ နှောင်းကို မောင်ကတွဲကူရင်း စိုးရိမ်တကြီးပြောနေပေမယ့် နှောင်းကတော့ အလန့်တကြားဖြင့်
"အာ့ဆို ဒီအချိန်တောင်ရှိနေပြီ မောင်က ဘာလို့အိမ်မပြန်သေးတာလဲ"
" မ, မှ နေမကောင်းတာ... မောင်က ဘယ်လိုပြန်ရမလဲ"
"မဟုတ်ဘူးလေ"
"ဟုတ်ပါတယ်ဆို... ကဲ ထလက်စနဲ့ မျက်နှာလေးသစ်လိုက်ဦး... ပြီးရင် ဘာစားမလဲ... မောင်တစ်ခုခုမှာပေးမယ်"
"ပြီးရင် မောင်က ပြန်တော့မှာလား"
"ဘာလဲ မပြန်စေချင်လို့လား... မ,မပြန်စေချင်ရင် မောင်မပြန်တော့ဘူးလေ"
"မောင်နော်"
"အဟွန့် မောင့်ကိုတောင် ပြန်အော်နေနိုင်ပြီဆိုတော့ နေကောင်းသွားတာ သေချာပါပြီ အဟွန့်"
အိပ်ရာပေါ်မှာ ငုတ်တုတ်ဖြစ်နေတဲ့နှောင်းကို မောင်က လက်ကနေဆွဲကာ ထူပေးပြီး ရေချိုးခန်းထဲမှာ မျက်နှာသစ်စေသည်။ နှောင်း မျက်နှာသစ်ပြီး ပြန်ထွက်လာတော့ မောင်က ဖုန်းကိုကြည့်နေရင်းက နှောင်းကို ကြည့်လာပြီး
"နေ့လည်က ကြေးအိုးသောက်ထားတော့ ခုဘာစားချင်လဲ... စွပ်ပြုတ်တို့ဘာတို့သောက်မလား... မောင်သွားဝယ်ပေးမယ်လေ"
"နှောင် ခေါက်ဆွဲပြုတ်စားချင်တာ"
"ဟာ... မစားရပါဘူး... နေမကောင်းသေးတဲ့ဟာကို အားရှိမယ့်ဟာ တစ်ခုခုစားရမှာပေါ့"
"နှောင်းနေကောင်းနေပါပြီ မောင်ရဲ့... တကယ်ပြောတာ ခေါက်ဆွဲပြုတ်လေးကို ပူပူစပ်စပ်လေးစားလိုက်ရရင် ချွေးထွက်ပြီး လူကလန်းသွားမှာ... နော်... နော်လို့"
မျက်နှာလေးကို အစွမ်းကုန်ညှိုးငယ်ထားပြီး စေ့လက်မောင်းကို လှုပ်ရမ်းကာ ပူဆာနေတဲ့ မ,ရဲ့နဖူးပေါ် အဖျားရှိမရှိ သေချာပြန်စမ်းလိုက်တော့ ကိုယ်လေးကတော့ နွေးနေသေးသည်။ ဒါပေမယ့်လည်း စားချင်နေတဲ့အစားအစာကို မစားနဲ့လို့ပြောဖို့ကလည်း မပြောရက်တာမို့...
💕First Time Visit💕
Start from the beginning
