"အင်းပါ"
ဆိုဖာပေါ်မှာထိုင်ရင်း မောင့်ရင်ခွင်ထဲ ခေါင်းလေးတိုးဝင်ကာ ခဏမှေးနေလိုက်သည်။ မောင်ကလည်း ဘာမှဆက်မပြောတော့ပဲ နှောင်းကိုတင်းနေအောင်ဖက်ထားရင်း လက်မောင်းလေးတွေကို ပွတ်သပ်ပေးနေသည်။
ခဏအကြာမှာ မှာထားတာတွေရောက်လာတာမို့ စားသောက်လိုက်ပြီး မောင်ကပဲ ပန်းကန်တွေကိုဆေးပေးသည်။ ပြီးတာနဲ့ နှောင်းဆီကို သောက်ရေခွက်တစ်ခွက်ကိုင်ကာ လျှောက်လာရင်း
"ဆေးဘယ်မှာလဲ မ"
"ဟိုမှာ"
ဘီဒိုပေါ်တင်ထားတဲ့ဆေးသေတ္တာဗူးလေးကို စေလှမ်းယူလိုက်ပြီး ဖွင့်ကာ အဖျားပျောက်ဆေးကိုရှာပုံတော်ဖွင့်ရသည်။ ဆေးသေတ္တာပိစိလေးကို မွှေနှောက်ရှာပြီးချိန်မှာတော့ ကုလား၄ကောင် တစ်ကဒ်ပဲတွေ့တာမို့
"ဆေးက ဒါပဲရှိတာလား"
"အင်း... နှောင်းက ဆေးသောက်ရတာမကြိုက်လို့"
"ဆေးသောက်ရတာ ကြိုက်တဲ့သူကတော့ ဘယ်ရှိမလဲ မ,ရယ်... ဆေးခန်းသွားလိုက်ပါလား... မောင်ကိုယ်တိုင်လိုက်ပို့မယ်လေ"
"ဟင့်အင်း... နှောင်းက ဒါသောက်လိုက်ရင် ပျောက်တယ်... ဖျားတိုင်း အဲ့ဆေးပဲသောက်နေကြ"
မျက်နှာလေးနွမ်းနေတာကြောင့် ဆေးခန်းသွားစေချင်ပေမယ့်လည်း ခုတောင်မျက်ရည်ကဝေ့နေပြီမို့ ထပ်ပြောရင် ငိုသွားမှာစိုးတာနဲ့ စေသက်ပြင်းချလိုက်ရင်း
"အိုခေ... ဆေးသောက်ပြီးတစ်ရေးအိပ်လိုက်ဦး... နိုးမှမသက်သာရင် ဆေးခန်းသွားရမယ်နော်"
"အင်း"
ဆေးတိုက်ပြီး နွေးနွေးထွေးထွေးဖြစ်အောင် စောင်ခြုံပေးကာ ကုတင်ပေါ်မှာ လှဲအိပ်ခိုင်းလိုက်သည်။ စောင်ကိုလည်ပင်းထိလုံအောင် ခြုံပေးနေတဲ့ မောင့်ကို
"မောင်ကရော"
"မောင်က ဒီနားမှာ စာထိုင်ဖတ်ရင်း မ,အိပ်တာကိုစောင့်နေပေးမယ်... စိတ်ချလက်ချအိပ်ဟုတ်ပြီလား"
"အင်းးး"
ကုတင်ဘေးက ထိုင်ခုံလေးပေါ်မှာ ထိုင်ရင်း မ,ရဲ့စာရေးစားပွဲပေါ်တွေမှာ စီစီရီရီတင်ထားတဲ့ စာအုပ်တွေထဲက တစ်အုပ်ကိုယူဖတ်ပြီး မ,အိပ်တာကို စောင့်ပေးနေပြီး အဖျားတက်လာလား အဖျားကျသွားပြီလားဆိုတာကိုလည်း မကြာခဏဆိုသလို နဖူးလေးနဲ့ပါးလေးတွေကို စမ်းကာစစ်ကြည့်နေရသေးသ်။ ကံကောင်းတာတစ်ခုက အဖျားတော့ရှိသေးပေမယ့် ကိုယ်ပူကတော့ကျသွားပြီဖြစ်သည်။
💕First Time Visit💕
Comenzar desde el principio
