နှောင်းဝတ်ထားတဲ့ အနွေးထည်ပါးလေးရဲ့ကြယ်သီးတွေကို ရင်ဘတ်ထိလုံနေအောင် တပ်ပေးရင်း ပွစိပွစိပြောနေတဲ့ မောင့်ပုံစံကိုကြည့်ပြီး သဘောကျစွာဖြင့် မောင့်နဖူးထက် ခြေဖျားလေးထောက်ပြီး အနမ်းတစ်ပွင့်ခြွေလိုက်သည်။
"ကောင်မလေးကတော့ မောင့်ကို လာစနေတယ်ဟုတ်လား"
"ချစ်လို့ဟာကို"
"မောင်ကလည်း ချစ်ပါတယ်ဗျာ"
မောင်ကပြောရင်း နှောင်းပါးလေးကို ဖိကပ်နမ်းက ဖုန်းထုတ်ပြီး ကြေးအိုးနဲ့ဖက်ထုပ်ဆီချက်ကိုမှာနေသည်။ ပြီးတာနဲ့ နှောင်းလက်ကိုဆွဲကာ ဆိုဖာလေးပေါ်အတူတူထိုင်လိုက်ရင်း နှောင်းကို သူ့ရင်ခွင်ထဲထည့်ထားလေသည်။
"လှဲချင်နေသေးလား မ"
"ဟင့်အင်း ပြန်ရောက်ကတည်းက မောင်လာတဲ့အထိ အိပ်နေတာမို့ မလှဲချင်တော့ဘူး"
"မနက်က မောင်လိုက်ပို့ကတည်းက မျက်နှာလေးက နွမ်းနေမှန်းတော့သိတယ်... အလုပ်တွေများပြီး အိပ်ရေးပျက်လို့ပဲလို့ထင်လိုက်တာ... ပြောပါဦး ဘယ်ကနေဘယ်လိုဖျားသွားတာလဲ... မနေ့ညကထိ အကောင်းကြီးပါ"
"ညက အလုပ်လုပ်ရင်း ခေါင်းတွေနောက်ပြီး ငြီးစီစီဖြစ်နေတာနဲ့ ရေချိုးလိုက်တာ... အအေးပတ်သွားတယ်ထင်တယ်... မနက်ကထိ ငြီးစီစီဖြစ်နေတာကလွဲရင် အကောင်းကြီးပါ... စက်ရုံဘက်သွားလိုက်တော့ ပင်ပန်းသွားလို့ထင်တယ်... လူက မဟန်တော့တာ"
"ဟင်းးးး ဖြစ်ရမယ်... မောင့်မှာလေ မ,နေမကောင်းလို့ခွင့်ယူလို့ စိတ်ပူရတာတစ်မျိုး ဟိုတစ်ယောက်ကလိုက်ပို့လို့စိတ်ပူရတာတစ်မျိုး မ,ဖုန်းကလည်း စက်ပိတ်ထားတော့ စိတ်ပူရတာတစ်မျိုးနဲ့ လူလည်း မရူးရုံတမယ်ပဲ"
"နှောင်းတောင်းပန်ပါတယ်နော်... နှောင်းကြောင့် မောင်ပင်ပန်းသွားပြီ"
"မောင် ပင်ပန်းလို့ပြောနေတာမဟုတ်ပါဘူး... တစ်ခုခုကို မောင့်ကို အရင်ပြောပြဖို့ပြောတာ... မောင် အားတာ မအားတာကို ထည့်စဉ်းစားမနေနဲ့... မ,အတွက်ဆို မောင်က ၂၄နာရီအမြဲအားပြီးသားပဲ... မဖြစ်မနေဆိုရင်တောင် မ,ဆီမရောက်ရောက်အောင်လာခဲ့မှာ"
💕First Time Visit💕
Start from the beginning
