💕First Time Visit💕

Start from the beginning
                                        

ဗီဒီုထဲကအံဆွဲကိုဖွင့်ကာ တစ်ခုခုကိုနှိုက်ယူနေရင်း ထိုစက္ကူအိတ်လေးထဲ စေမမြင်အောင် ခန္ဓာကိုယ်နဲ့ ကွယ်ထည့်ကာ ရေချိုးခန်းဖြစ်နိုင်လောက်တဲ့အခန်းထဲ ပြေးဝင်သွားလေသည်။ စေ့စိတ်ထင် အတွင်းခံတွေကို ရေချိုးခန်းထဲသွားဝတ်နေတယ်ထင်ပါရဲ့... အဟွန့်... အဟွန့်။ 

မ,အဖြစ်ကို ရယ်နေမိပေမယ့် ကိုယ့်အဖြစ်ကလည်း မသေးလှ။ နိုးကြားနေတဲ့အငယ်ကောင်ကြောင့် အာရုံတို့ပျံ့လွင့်သွားအောင် ဆိုဖာမှာထိုင်မနေတော့ဘဲ Kitchen ဘက် လိုက်ကြည့်လိုက်တော့ နေမကောင်းရင်စားဖို့သင့်တော်တာ ဘာမှမတွေ့။ လိုက်ကြည့်နေတုန်းမှာပဲ မ,က ရေချိုးခန်းထဲက ထွက်လာကာ

"မောင် ဘာတွေရှာနေတာလဲ"

" မ,စားဖို့တစ်ခုခုပြင်ပေးမလို့ ရှာနေတာ... အဆင်ပြေတာလည်း မရှိဘူး.. ဘာစားချင်လဲ... ဆေးသောက်လို့ရအောင် တစ်ခုခုတော့ စားမှဖြစ်မယ်"

"ဟင့်အင်း ဆေးမသောက်ချင်ပါဘူးဆို"

"ဆေးမသောက်ရင် ဘယ်သက်သာမလဲ မ,ရဲ့... လိမ္မာတယ်နော် ခု မောင့်ကိုပြော... ဘာစားချင်လဲဆိုတာ"

"ဟင့်အင်း မသိဘူး"

စိတ်ဆိုးသလိုလေသံလေးနဲ့ ဘောက်ဆတ်ဆတ်ပြောကာ ‌ဆိုဖာလေးပေါ်မှာ ဒူးလေးထောင်ပြီး ဒူးပေါ်မျက်နှာလေးတင်ကာ သွားထိုင်နေတဲ့ မ,ပုံစံက ဆေးတိုက်ရခက်တဲ့ကလေးမှန်း ကြည့်တာနဲ့သိသာလေသည်။ မ,ထိုင်နေတဲ့နားသွားက မုဆိုးဒူးထောက်ထိုင်လိုက်ရင်း

"ကြေးအိုးသောက်မလား မ"

"ဟင့်အင်း... ရခိုင်မုန့်တီစားချင်တာ"

"အားရှိမယ့်ဟာကိုစားလေ နော်"

"အာပူလျှာပူစားရင် အဖျားတွေက ပွင့်ထွက်သွားမှာ မောင်ရဲ့"

"နေကောင်းမှစားလေ... အခုတော့ ကြေးအိုးပဲသောက်လိုက်ပါ"

"အင်းအင်း... ပြီးရော အာ့ဆိုလည်း သွားမယ်"

"ဟင် ဘယ်သွားမှာလဲ"

"မောင်ပဲ ကြေးအိုးသွားသောက်မယ်ဆို"

"သွားမသောက်ရပါဘူး... မောင်မှာလိုက်မယ်... လေစိမ်းတွေတိုက်နေတာကို အပြင်ထွက်ဖို့မစဉ်းစားနဲ့"

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now