💕First Time Visit💕

Start from the beginning
                                        

ထိုအချိန်ကိုအခွင့်ကောင်းယူကာ မ,ရဲ့ခံတွင်းထဲ စေ့လျှာကို ဝင်ရောက်စေပြီး အရိုင်းဆန်သောအနမ်းတို့ကို ဖန်တီးနေမိသည်။ ရင်ဘတ်ကိုထိတွေ့နေသည့် အထိအတွေ့ကလည်း ရူးလောက်စရာမို့ စေ့မှာ မရပ်တန့်နိုင်။ အချိန်အတော်ကြာနမ်းရှိုက်နေရင်းမှ စေ့ရင်ဘတ်ကိုတွန်းလာတဲ့ လက်သေးသေးလေးတွေကြောင့် နှုတ်ခမ်းပါးလေးကို တစ်ချက်နမ်းလိုက်ပြီး နမ်းနေတာကို လတ်စသတ်လိုက်သည်။ အရည်တွေစိုလက်နေတဲ့ မ,ရဲ့နှုတ်ခမ်းလေးကို လက်မနဲ့ဖိပွတ်ကာ သုတ်ပေးလိုက်ရင်း

"အဆင်ပြေရဲ့လား မ"

"သွားပါ... ဘာမှန်းလည်းမသိဘူး... နေမကောင်းတဲ့သူကို အနိုင်ကျင့်တယ်"

"ဟွန့် နေမကောင်းတဲ့သူက အရမ်းတွေဆွဲဆောင်နေတာကိုး"

"မောင်နော်"

မောင့်ရဲ့ပြောင်စပ်စပ်အပြောကို နှောင်းမှာ ရှက်ရှက်နဲ့အော်လိုက်ရင်း လက်တွေက ကြက်ခြေခတ်ပုံစံဖြင့် ကိုယ့်ရင်ဘတ်ကိုအလိုလိုကာမိသွားသည်။ နှောင်းအဖြစ်ကိုမောင်ကကြည့်ရင်း ခပ်ဟဟရယ်တော့ နှောင်းမှာ ပိုအရှက်သည်းရသည်။ အိမ်မှာနေတာဆိုတော့ နှောင်းက Bra မဝတ်ထားပေ။ အိပ်နေတာ‌ဆိုတော့လည်း တကူးတကဝတ်မထားတာလည်းပါသည်။ ရုတ်တရက်ကြီး မောင် နှောင်းဆီရောက်လာမယ်လို့လည်း မထင်ထားသလို ခုလိုတွေဖြစ်လိမ့်မယ်လို့လည်း ယောင်လို့တောင် မတွေးမိ။

ခုတော့ နမ်းနေတဲ့အချိန် မောင့်ရင်ဘတ်နဲ့နှောင်းရဲ့ရွှေရင်အစုံမှာ တင်းကြပ်စွာထိကပ်နေခဲ့တာ မဟုတ်ပါလား။ နှောင်းရဲ့Size က မိန်းကလေးတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့အရွယ်အစားဆိုပေမယ့် နှောင်းကအရပ်ပုနေတာမို့ မသိရင် နှောင်းကကိတ်နေတယ်လို့ထင်ရသည်။ မောင့်ကိုတစ်ဘဝလုံးစာ ရည်ရွယ်ထားပေမယ့် ပထမဆုံးအကြိမ် ခုလိုထိတွေ့မိတာကိုတော့ ရှက်မိတာက အမှန်။ ဒါကြောင့် ရေချိုးခန်းထဲမှာ အတွင်းခံသွားဝတ်ဖို့တွေးမိကာ

"မောင် ဆိုဖာမှာခဏထိုင်စောင့်နေ"

"အင်း... မ,ကဘာလုပ်မလို့လဲ"

"ဘာလုပ်လုပ်ပေါ့"

ဆူအောင့်အောင့်ပြောရင်း ကုတင်အောက်ကနေ Shopping Bag စက္ကူအိတ်လေးကိုတစ်ခုကို ဆွဲယူလိုက်သည်။ ကြည့်ရတာ ဈေးဝယ်ပြီးတိုင်း အိတ်လေးတွေကို သေချာခေါက်သိမ်းထားတတ်တယ်နဲ့တူပါရဲ့။ 

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now