အခန်းထဲဝင်လိုက်ပြီး အခန်းကိုတစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက် အနားမှာ အနွေးထည်အပါးလေးဝတ်ကာ ရပ်နေတဲ့ မ,နား လှမ်းလျှောက်သွားရင်း နဖူးလေးပေါ် စေ့လက်ဖဝါးလေးတင်ကာ စမ်းကြည့်လိုက်တော့ ခပ်နွေးနွေးလေး ဖြစ်နေသည်။
"နေမကောင်းတာ မောင့်ကို ဘာလို့ ဖုန်းမဆက်တာလဲ... မောင်လာခေါ်မှာပေါ့... မောင်ဆက်တော့လည်း ဖုန်းကစက်ပိတ်ထားတယ်... ဘယ်လောက်ထိစိုးရိမ်သွားလဲ မသိဘူးလား"
"မောင် ဒီနေ့ကုမ္ပဏီမှာ အရေးကြီးကိစ္စရှိတယ်ပြောလို့ မောင့်ကို မနှောင့်ယှက်ချင်တာနဲ့ ဖုန်းမဆက်တော့တာ... ဖုန်းက အားကုန်ပြီး စက်ပိတ်သွားတာထင်တယ်"
ခပ်နွမ်းနွမ်းမျက်နှာလေးနဲ့ပြောနေတာကြောင့် စိတ်မကောင်းစွာ သက်ပြင်းချရင်း
"ခုရော ဘာစားပြီးပြီလဲ... ဆေးရောသောက်ပြီးပြီလား"
"ဟင့်အင်း"
စေကပြောရင်း Kitchen ဘက် သွားကြည့်ရန်ပြင်တော့ မ,က ခေါင်းလေးခါကာ စေ့ခါးကို တင်းနေအောင်ဆွဲဖက်ကာ ရင်ခွင်ထဲတိုးဝင်လာသည်။ နေမကောင်းတော့ စိတ်အားငယ်နေတယ်ထင်ပါရဲ့။ စေလည်း မ,ကို ပြန်ဖက်ထားရင်း ကျောပြင်လေးကို အသာလေးပွတ်သပ်ပေးကာ ချော့နေလိုက်သည်။
"ဆေးမသောက်ချင်ဘူး"
စေ့ကိုမော့ကြည့်ကာ ပြောလာတဲ့မျက်နှာလေးက အဖျားရှိန်ကြောင့် ခပ်ရဲရဲလေးဖြစ်နေသည်။ ထိုမျက်နှာလေးကို စေ့စေ့ကြည့်နေရင်း စိတ်မထိန်းနိုင်တော့ဘဲ နှုတ်ခမ်းပါးတွေကို ကျူးကျော်လိုက်မိတော့သည်။
အရင်လိုမဟုတ်ဘဲ ခပ်နွေးနွေးဖြစ်နေတဲ့နှုတ်ခမ်းလေးတွေကို အပေါ်တစ်လှည့်အောက်တစ်လှည့် ချိုချဉ်စုပ်သလို စုပ်ယူနမ်းရှိုက်နေရင်း လက်တွေက မ,ရဲ့ကျောပြင်လေးကို ပွတ်သပ်နေမိသည်။ ခပ်တင်းတင်းပွေ့ဖက်ထားတာကြောင့် စေ့ရင်ဘတ်ကိုထိကပ်လာတဲ့ နွေးထွေးအိစက်တဲ့အထိအတွေ့ကြောင့် စိတ်တွေက အရိုင်းဆန်လာကာ ပိုမိုတင်းကြပ်အောင်ပွေ့ဖက်ထားရင်း နှုတ်ခမ်းချင်းစုပ်နမ်းနေရာမှ လျှာကိုအသုံးပြုကာ မ,ရဲ့ခံတွင်းထဲ ဝင်ရောက်ဖို့ကြိုးစားနေမိသည်။ မ,ဘက်က သွားစေ့ကာ စေ့လျှာကို မဝင်ရောက်နိုင်အောင် ကြိုးစားထားပေမယ့် စေက နမ်းနေတဲ့အောက်နှုတ်ခမ်းလေးကို ခပ်ဖွဖွလေးကိုက်လိုက်တော့ နာကျင်သွားဟန်ဖြင့် နှုတ်ခမ်းလွှာတို့က ပွင့်ဟလာသည်။
💕First Time Visit💕
Comenzar desde el principio
