"ကျွန်တော့်ရင်ထဲမှာ နေဆယ်စင်းမက ပူလောင်နေပြီ မ,ရေ" လို့ရေရွတ်ရင်း ကားကို ဂရုတစိုက်နဲ့ အမြန်မောင်းနေမိသည်။
ရုတ်တရက်ဖုန်းသံမြည်လာတာမို့ မ,များလားဆိုပြီး ဝမ်းသာအားရကြည့်လိုက်ပေမယ့် ဖုန်းခေါ်လာတဲ့သူက မ,မဟုတ်ဘဲ ကောင်းပြည့်ဖြစ်နေတာမို့ စိတ်ဓာတ်ကျသွားရသည်။ ကောင်းပြည့်ဖုန်းကို ကိုင်လိုက်ပြီး
"ငါအရေးတကြီးကိစ္စရှိလို့ အပြင်သွားနေတယ် ဟေ့ရောင်... ကျန်တဲ့ကိစ္စတွေနောက်မှပြော"
ကောင်းပြည့်ဘက်က ပြန်ပြောလာမယ့်စကားကိုတောင် မစောင့်တော့ဘဲ ဖုန်းချပစ်ကာ မ,ရဲ့ဖုန်းကို ထပ်ခေါ်ကြည့်တော့လည်း ဖုန်းက စက်ပိတ်ထားဆဲ။ ပူလောင်နေတဲ့စိတ်တွေကို လီဗာပေါ်ပုံချလိုက်ရင်း စေ့ကားရဲ့ဦးတည်ရာကတော့ မ,ရဲ့အိမ်သို့။
💕💕💕💕💕
မ,ရဲ့အခန်းရှေ့ရောက်တယ်ဆိုရင်ဘဲ မ,အခန်းတံခါးကို မတိုးမကျယ်အနေထားဖြင့် ထုလိုက်သည်။ အတန်ကြာတဲ့အထိ တံခါးကပွင့်မလာတာကြောင့် လက်က အဆက်မပြတ် ထုနေရင်း နောက်လက်တစ်ဖက်က စက်ပိတ်ထားဆဲဖြစ်တဲ့ဖုန်းကိုထပ်ခေါ်ဖို့ ဘောင်းဘီအိတ်ထဲကဖုန်းကိုထုတ်ရန်ပြင်လိုက်ချိန်မှာ အခန်းတံခါးက ဖျတ်ခနဲဆိုပြီး ပွင့်လာသည်။
လာခဲ့တဲ့တစ်လျှောက်လုံး ပူလောင်နေတဲ့ရင်ဟာ ခပ်နွမ်းနွမ်းမျက်နှာလေးနဲ့ တံခါးလာဖွင့်ပေးတဲ့ မ,ရဲ့မျက်နှာလေးကို မြင်လိုက်ရချိန်မှာ မီးကိုရေနဲ့ငြိမ်းလိုက်သလို အေးချမ်းသွားရသည်။ ပြောမယ်ဆိုပြီး အားခဲထားသမျှ စကားလုံးတွေဟာလည်း မ,မျက်နှာလေးကို မြင်လိုက်ရတော့ အားလုံးကြက်ပျောက်ငှက်ပျောက်။
"ဝင်လေ... ဘာလုပ်နေတာလဲ"
အသံအက်အက်လေးနဲ့ အခန်းထဲဝင်ဖို့ပြောလိုက်တဲ့ မ,ကြောင့် စေအံ့ဩသွားသလို ရင်လည်းခုန်သွားသည်။ ချစ်သူသက်တမ်း ၂လကျော်အတွင်းမှာ မ,ရဲ့အိမ်ကို တစ်ခါမှ မရောက်ဖူးလို့ပင်ဖြစ်သည်။ မ,ကလည်း လာဖို့မဖိတ်သလို စေ့ဘက်ကလည်း မတောင်းဆိုခဲ့။ ဒါကြောင့် အခု မ,က ဝင်ဖို့ပြောလိုက်တော့ ချစ်ရသူနေတဲ့အခန်းဆိုတဲ့အသိနဲ့ စေ့ရင်တွေခုန်လာသည်။
💕First Time Visit💕
Start from the beginning
