နှောင်းရဲ့စကားတောင် မဆုံးလိုက် နှုတ်ခမ်းပေါ်ထိကပ်လာတဲ့ မောင့်နှုတ်ခမ်းပါးတစ်စုံကြောင့် ပြောလက်စစကားများရပ်တန့်သွားပြီး မျက်ဝန်းတို့ကို မှိတ်ထားလိုက်သည်။ မောင်က နှောင်းနှုတ်ခမ်းတွေကို ချိုချဉ်စုပ်သလို စုပ်ယူပြီး ချက်ချင်းပြန်လွှတ်ပေးကာ
"ဒီလိုလုပ်ရင်တောင် အဖျားကမကူးဘူး"
"မောင်နော်... တအားအသားယူတာပဲ"
"အဟွန့် တစ်ခါတည်းသက်သေပြပေးတာပါ... မ,ဆီက တစ်လုပ်နှစ်လုပ်လောက်စားလိုက်မယ်လေ"
"အွန်းးး"
ထိုသို့ဖြင့် ခေါက်ဆွဲပြုတ်စားပြီးချိန်မှာတော့ မောင်ဘဲ အကုန်ဆေးကြောပေးခဲ့ပြီး ပြန်ခါနီးတွင် စိတ်မချစွာဖြင့် ထပ်ခါထပ်ခါမှာနေတာကတော့
"နွေးနွေးထွေးထွေးဝတ်အိပ်နော်... တစ်ခုခုဆို မောင့်ဆီချက်ချင်း ဖုန်းဆက်လိုက် ဟုတ်ပြီလား"
"ဟုတ်ပါပြီ... အပေါ်ထပ်မှာ ဦးလည်းရှိတယ်... ဘေးလမ်းမှာ လင်းရှိတယ်... မောင်စိတ်မပူပါနဲ့ဆို... အရင်ကလည်း ဒီလိုပဲပျောက်သွားတာ"
"အရင်ကအရင် အခုကအခုလေ... မနက်ဖြန် မနက်စောစော မောင်နိုးတာနဲ့ ပြင်ဆင်ပြီးထွက်လာခဲ့မယ်...
ကားရပ်စောင့်နေကျ နေရာမှာရှိနေမယ်နော်... နိုးတာနဲ့ဖုန်းဆက်လိုက်"
"ဘာလို့အစောကြီးလာမှာလဲ... ရပါတယ်"
"မရပါဘူး... အမှန်ဆို စိတ်မချလို့ ညအိပ်တောင်စောင့်ပေးချင်တာ... မ,မနေခက်မှာစိုးလို့ မစောင့်တော့တာ... ဒါကြောင့် မောင် မနက်စောစောလာစောင့်နေမှာကို မတားနဲ့ ဟုတ်ပြီလား"
"အင်း... မောင် ခဏနော်"
မ,က စေ့ကို ခဏဟုပြောကာ ကုတင်ဘေးနားလျှောက်သွားရင်း စားပွဲပုလေးရဲ့အံဆွဲထဲကနေ တစ်စုံတစ်ခုကိုရှာနေသည်။ ပြီးတော့ စေ့နားပြန်လျှောက်လာပြီး စေ့လက်ထဲကို တစ်စုံတစ်ခုထည့်ပေးလာသည်။ လက်ဖဝါးထဲက အေးစက်စက်အထိအတွေ့ကြောင့် ဘာများလဲဆိုပြီး စေကြည့်လိုက်တော့ သော့တစ်ချောင်း ဖြစ်နေသည်။ နားမလည်တဲ့မျက်ဝန်းတွေနဲ့ မ,ကို ကြည့်လိုက်တော့ မ,က စေ့ကို ပြုံးပြကာ
"အိမ်သော့အပိုတစ်ချောင်း မောင်ယူထားလိုက်... မနက်စောစောရောက်ရင် ကားပေါ်မှာပဲစောင့်မနေဘဲ အိမ်ပေါ်တက်ခဲ့လိုက်နော်"
စေ့လက်ထဲ ယုံယုံကြည်ကြည်နဲ့ အိမ်သော့ပါပေးနေတဲ့ မ,ကို ရင်ထဲကြည်နူးပျော်ရွှင်မှုတို့ထိန်းမရစွာဖြင့် ခပ်တင်းတင်းပွေ့ဖက်ထားလိုက်ပြီး
"မောင့်ကို ယုံကြည်ပေးလို့ ကျေးဇူးတင်ပါတယ်... ချစ်တယ်နော် မ"
"အင်း နှောင်းရောပဲ မောင့်ကိုချစ်တယ်"
ထို့နောက် နှစ်ဦးသားအနမ်းချင်းဖလှယ်ပြီး ခဏနေတော့ မောင်ကပြန်သွားသည်။ နှောင်းကို မပြန်ခင် ဆေးတစ်လုံးတိုက်ခဲ့သေးတာမို့ နှောင်းကတော့ မောင်ပြန်သွားတာနဲ့ ကုတင်ပေါ်ပြန်တက်ကာ စောင်ကို လုံအောင်ခြုံပြီး အိပ်စက်ခြင်းဆီသို့ အလည်တစ်ခေါက်သွားလိုက်တော့သည်။
💕💕💕💕💕💕💕💕💕💕
အပိုင်း ၃၀ မျှော်
#haru_rin
💕First Time Visit💕
Começar do início
