💕First Time Visit💕

Start from the beginning
                                        

" မ, ကြက်ဥအနှစ်က အကျက်လား... မကျက်တကျက်လား"

"အကျက်ကိုမှ ၄ပုံ၃ပုံအကျက်"

"အိုခေ"

စေ မ,ကိုမေးပြီးတာနဲ့ အိုးအဖုံးကိုပြန်ဖွင့်လိုက်ပြီး ကြက်ဥဖောက်ထည့်ကာ အဖုံးပြန်ပိတ်ထားလိုက်သည်။ ပြီးတာနဲ့ နောက်ကိုလှည့်ကာ မ,နဖူးထက် အနမ်းခြွေလိုက်သည်။ မော့ကြည့်လာတဲ့မျက်နှာလေးက          ဘာမှမလိမ်းထားဘဲ ပကတိဖြူစင်နေတာမို့ စိတ်မထိန်းနိုင်စွာ နှုတ်ခမ်းလေးပေါ်သို့ အနမ်းတစ်ပွင့်ခြွေလိုက်သည်။ 

ထို့နောက် မ,မျက်ဝန်းတွေကို တစ်ချက်ကြည့်လိုက်ရင်း ပြင်းရှရှအနမ်းတို့ကို အသက်သွင်းဖို့ပြင်နေတုန်း မ,က စေ့ရင်ဘတ်ကို လက်နဲ့အသာပုတ်ကာ

"ခေါက်ဆွဲပြုတ်ရနေပြီ မောင်"

"ဟင်"

ပြောပြီးတာနဲ့ စေ့ရင်ခွင်ထဲကနေ လှစ်ခနဲပြေးထွက်သွားပြီး ဆိုဖာရှေ့ကြမ်းပြင်ပေါ်မှာ ငုတ်တုတ်လေး  သွားထိုင်နေသည်။ စေ့မှာတော့ မချင့်မရဲစိတ်နဲ့အတူ မီးဖိုကို မီးပိတ်လိုက်ပြီး ခေါက်ဆွဲပြုတ်တွေကို ပန်းကန်လုံးအကြီးထဲထည့်ကာ အောက်က ပန်းကန်ပြားလေးခံကာ မ,ထိုင်နေတဲ့နားကို ယူလာပေးလိုက်တော့သည်။ မ,ကတော့ စေ့ကို ရယ်ဟဟအပြုံးတွေနဲ့ ကြည့်နေရင်း စေပြုတ်ပေးထားတဲ့ ခေါက်ဆွဲပြုတ်ကို တဟူးဟူးမှုတ်ကာ အအေးခံရင်း စတင်သုံးဆောင်ပါတော့သည်။

နှစ်လုတ် သုံးလုတ်လောက် စားပြီးမှ ဘေးမှာထိုင်နေတဲ့စေ့ကို ကြည့်ကာ

"မောင်ရော ဘာစားပြီးပြီလဲ"

"မစားရသေးဘူး... ပြန်တော့မှ တစ်ခုခုဝင်ဝယ်လိုက်မယ်"

"ဟင် ခုချိန်ထိကို ဘာမှမစားရသေးတာလား... ဗိုက်တွေအောင့်ကုန်တော့မှာပဲ... အင့် ခေါက်‌ဆွဲပြုတ်  နည်းနည်းစားလိုက်... အဲ... မဟုတ်သေးဘူး အဖျားကူးသွားဦးမယ်... ခဏလေး နှောင်းမောင့်အတွက် သပ်သပ်ပြုတ်ပေးမယ်"

ထိုင်နေရာကနေ မတ်တပ်ရပ်ဖို့ပြင်နေတဲ့ မ,ရဲ့လက်ကို လှမ်းဆွဲလိုက်ပြီး

"ရတယ်... မ,ဆီက နည်းနည်းယူစားမယ် ဖြစ်တယ်မလား"

"ဒါပေမယ့် အဖျားကူး..."

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now