"အိုခေ... ခေါက်ဆွဲတွေက ဟိုဘက်စင်မှာတွေ့တယ်... မောင်ပြုတ်ပေးမယ်... နွေးနွေးထွေးထွေးနေပြီး ထိုင်စောင့်နေ ဟုတ်ပြီလား"
"အွန်း"
နှောင်းရဲ့ခေါင်းကိုပုတ်ပြီး မောင်က အင်္ကျီလက်ကို တံတောင်ဆစ်နားရောက်သည်အထိ ဆွဲတင်ကာ နှောင်းအခန်းရဲ့Mini Kitchen လေးမှာ ခေါက်ဆွဲပြုတ်ဖို့ ပြင်ဆင်နေတော့သည်။ နှောင်းကို ကျောပေးထားကာ ခေါက်ဆွဲပြုတ်ပေးနေတဲ့ မောင်ရဲ့ကျောပြင်ကျယ်ကြီးကို ငေးရင်း နှောင်းမှာ သဘောကျစိတ်က တဖွားဖွား။ ထို့ကြောင့် ခုတင်ပေါ်မှာထိုင်နေရာမှ ထကာ မောင့်နားကို လျှောက်သွားလိုက်သည်။
ကိုရီးယားခေါက်ဆွဲထုပ်ကို အိုးထဲ ဖောက်ထည့်ကာ ရေထည့်ပြီး မီးဖိုပေါ်တင်ထားလိုက်သည်။ မ,အိပ်တုန်းက အခန်းကို သေချာစေ့စေ့စပ်စပ်ကြည့်ထားတာမို့ ရေခဲသေတ္တာအသေးလေးထဲက အမယ်တွေကို ထုတ်လိုက်သည်။
ကျောပြင်မှာထိတွေ့လာတဲ့ နွေးထွေးတဲ့အထိအတွေ့လေးနဲ့ စေ့ခါးကိုယှက်နွယ်ကာ နောက်ကနေသိုင်းဖက်လာတဲ့ လက်သေးသေးလေးတွေကြောင့် စေပြုံးလိုက်ပြီး ခေါင်းလေးစောင်းကာ စေ့ကျောပြင်ကို ပါးအပ်ထားတဲ့ မ,ကို စောင်းငဲ့ကြည့်လိုက်သည်။
"ထိုင်နေလေ မ,ရဲ့"
"ဟင့်အင်း ဒီလိုလေး နေချင်လို့"
"အဟွန့် မောင့်ကို မျက်စိအောက်က အပျောက်မခံနိုင်လောက်တဲ့အထိ ချစ်တယ်ပေါ့လေ"
"အွန်း... မောင့်နားမှာပဲနေချင်တယ်"
မထင်မှတ်ထားတဲ့ မ,ရဲ့စကားကို နားထောင်ပြီးနောက် စေ့မှာကြည်နူးမှုကြောင့် ရင်ထဲတလှပ်လှပ်ဖြစ်နေရသည်။ မနေနိုင်စွာ နောက်ကိုလှည့်ပြီး နမ်းဖို့အလုပ် မ,က
"မြန်မြန်လုပ်လေ... နှောင်းဗိုက်ဆာနေပြီ"
"အဟွန်း နောက်မှတွေ့မယ်"
တခစ်ခစ်ရယ်နေတဲ့အသံလေးကိုတော့ အသည်းယားပေမယ့် ဗိုက်ဆာနေတယ်ဆိုတာကြောင့် ကိုယ်ရှိန်သပ်ကာ စေ့မင်းသမီးလေးအတွက် ချက်ပြုတ်ဖို့ပြန်လုပ်ရသည်။
ကြက်သားကို ပါးပါးလှီးကာ CP ကြက်အူချောင်းကိုလည်း အတုံးသေးသေးလေးတွေတုံးလိုက်သည်။ ထို့နောက် အနည်းငယ်ပူနေပြီဖြစ်တဲ့ အိုးထဲထည့်ကာ အဖုံးအုပ်ထားလိုက်သည်။ ပဲပင်ပေါက်ကို ရေသေချာဆေးလိုက်ပြီး ခဏရေစိမ်ထားကာ ရေနွေးဆူလာချိန်မှာတော့ အဖုံးကိုဖွင့်ကြည့်လိုက်တော့ ခေါက်ဆွဲလည်း ကျက်နေပြီမို့ မီးပိတ်ကာ တစ်ရေသွန်လိုက်သည်။ ထို့နောက်ရေနည်းနည်းပြန်ထည့်ကာ မီးဖိုပေါ်ပြန်တင်လိုက်ပြီး အရသာအမှုန့်ထုတ်လေးတွေဖောက်ထည့်ကာ ရေနွေးဆူအောင် ပြန်တည်ထားလိုက်သည်။
💕First Time Visit💕
Start from the beginning
