အပိုင်း(၁၆)

642 35 6
                                    

ကျွန်မဖုန်းထဲမှာ ဓာတ်ပုံရိုက် သိမ်းထားမိတဲ့ ကားနံပါတ် သုံး‌ လေးခုထဲက တစ်ခုကို အမှတ်မထင် ‌ရုံးသွားတဲ့လမ်းမှာ တွေ့လိုက်ရသည်။

ရုံးဘက်မဝင်ဘဲ အဲ့ကားလေးနောက်ပဲ ကျွန်မ ဆက်တိုက်လိုက်နေလိုက်သည်။ ထိုကားက အထည်ဆိုင် တစ်ခုရှေ့၌ ရပ်သွားပြီး ကားပေါ်က မိန်းကလေးတစ်ယောက်ဆင်းလာသည်။

ကျွန်မ ချက်ချင်း အဲ့ကောင်မလေးနောက် လိုက်လာခဲ့လိုက်သည်။ ကျွန်မ အဲ့ကောင်မလေးကို ဓာတ်ပုံမသိမသာ ခိုးရိုက်ပြီး ကြည့်လိုက်သည်။

ဘုရားရေ...ဒါ မောင့်ရဲ့ ညီမ တစ်ဝမ်းကွဲ စနိုးဆိုတဲ့ ကလေးမလေးပဲ....
မောင်ဆယ်တန်း‌စာမေးပွဲဖြေပြီး တစ်ခါ လမ်းမှာ သူနဲ့စကားပြောနေတာ တွေ့ဖူးသည်။ သို့သော် ထိုကလေးမကတော့ ကျွန်မကို မှတ်မိပုံမပေါ်။

ကျွန်မ သူငယ်ချင်း မိသူကို သတိရကာ ဖုန်းဆက်‌ခေါ်လိုက်သည်။
"အဲ့ကလေးမက မောင်ကလေးကို ငယ်ငယ်ကလည်း အနိုင်ကျင့်ဖူးတယ်မလား"

"ဟုတ်တယ် ဒီကိစ္စမှာ မသေချာပေမယ့် ငါ သူ့ကို လုံးဝ မယုံဘူးဖြစ်နေတယ်"

"ငါတို့ သူ့ကား blackbox ရရင်တော့ ကိစ္စကပြတ်ပြီ"

"ဟဲ့ အဲ့လောက်မလွယ်လို့ပေါ့"

"နေဦး သူ ငါတို့ကို မမှတ်မိဘူးမလား ငါတို့ တခြားနည်းနဲ့ ကြံကြည့်ရအောင်"

"ကြံပါဦး မိသူရယ်..ငါ့ဦးနှောက်ထဲတော့ ဘာမှမပေါ်နေဘူး"
ကလေးမ သွားတဲ့နောက် ကျွန်မတို့ ဆက်လိုက်နေခဲ့သည်။ နောက်ဆုံး သူအိမ်ပြန်သွားသည်ထိ လိုက်ကြည့်ရင်း အခြေအနေ စောင့်ကြည့်လိုက်သည်။

အတွေးကိုယ်စီဖြင့် ညနေပိုင်းမှာ သူငယ်ချင်းနှစ်ယောက် လမ်းခွဲပြီး ကိုယ်အိမ်ကိုယ်ပြန်လာလိုက်သည်။
"သမီး...ရုံးလည်း မတက်ဘဲ ဘယ်သွားသလဲကွယ် ချမ်းလေးကို သွားတွေ့တာလား"

"ဖေဖေ... သမီး မောင် accident ဖြစ်တဲ့နေ့က ကားနံပါတ် တစ်ခုကို တွေ့လို့ လိုက်ကြည့်မိတော့ မောင့်ညီမ တစ်ဝမ်းကွဲမောင်းနေတဲ့ ကားဖြစ်နေတယ်"

"ဟုတ်ရဲ့လားကွယ် သမီး အမှတ်မှားတာရော မဖြစ်နိုင်ဘူးလား"

"လုံးဝဘဲ မေမေ သမီး မှတ်ဉာဏ်က တိတိကျကျကို မှတ်မိနေတာ ပြီးတော့ ဖုန်းထဲမှာလည်း ပုံသိမ်းထားတယ်လေ"

မုန်တိုင်းWhere stories live. Discover now