အပိုင်း(၆)

592 40 1
                                    

နွေကျောင်းပိတ်ရက်မှာ မမဆီ ကျွန်တော်ရောက်ခဲ့ရပြီး ပျော်ရွှင်ခဲ့ရသလို အခုလို နွေကျောင်းပိတ်ရက်အပြီး မမနဲ့ ကျွန်တော် ခွဲရမယ်ဆိုတော့ ဝမ်းနည်းရသည်။ ခေတ္တခဏပါပဲ မမပညာရေးအတွက်ပါဆိုတာ သိနေရက်နဲ့ အတွင်းစိတ်ထဲကနေထိ စိတ်မကောင်းဖြစ်မှုကိုတော့ ကျွန်တော်မတားနိုင်ခဲ့။

သူ့ကိုမပြောဘဲသွားရင် စိတ်ကောက်နေမှာစိုးလို့ ဘော်ဒါမနေရခင် တလလောက်ကတည်းက မေမေ့ကို ကြိုပြောပေးပါဟု တောင်းဆိုခဲ့သည်။ မေမေကလည်း ကလေးအထာကို သိတာမို့ စိတ်အေးလက်အေးရှင်းပြထားခဲ့သော်လည်း မောင်က ကျွန်မကို အခုတလော သိသိသာသာရှောင်လာခဲ့သည်။

တလျှောက်လုံး ကလေးတစ်ယောက်လိုနေ ပေတူးနေအောင် ကစားပြီး ကျွန်မ ရေချိုးသန့်ရှင်းရေးလုပ်ပေးတာ ခံလာတဲ့မောင်က လေးတန်းတက်မယ့် နှစ်မှာ ကျွန်မရေချိုးပေးတာ မကြိုက်ဘူးဟု ပြောကာ အရာအားလုံး သူ့ဘာသာသူ လုပ်လာခဲ့သည်။အစကတော့ ကျွန်မကိုသူစိတ်ကောက်နေတယ်ပဲထင်လို့ အမျိုးမျိုးချော့ကြည့်ခဲ့သေးသည်။
"ဟာ...မမ နိုးပြီလား"

"အင်း...မောင်အစောကြီးရေချိုးထားပြန်ပြီပဲ"
"မမကို စိတ်ကောက်မပြေသေးဘူးလားလို့"

"မဟုတ်ပါဘူး မောင်ကြီးလာပြီလေ ကိုယ့်ဘာသာလုပ်ကြည့်ချင်ပြီ ကျောင်းဖွင့်ရင် မမနဲ့ မောင်က ကျောင်းတောင် တူတူတက်လို့ရတော့မှာ မဟုတ်ဘူး  အခုကတည်းက မောင်အဆင်ပြေအောင်ကြိုးစားကြည့်နေတာ"

"အင်းပါ...မောင်ရယ် မမသဘောဆို မမက မင်းနဲ့ခွဲချင်တာမဟုတ်ဘူး"
မောင်မျက်ဝန်းအိမ်လေးထဲ အရည်ကြည်လေးတွေ လဲ့နေပြန်ပါပြီ။တစ်နှစ်ပဲမောင် မမအစွမ်းကုန်ကြိုးစားပြီး မောင့်နားပြန်လာခဲ့ပါ့မယ်။

မေမေကတော့ တဖြည်းဖြည်းအရွယ်ရောက်လာပြီမို့ သူ့ဆန္ဒကို နားထောင်ပါဟု ရိုးရိုးရှင်းရှင်းပြောကာ မောင့်အတွက် လိုအပ်တဲ့ အဝတ်တွေသာ ပြောင်းဝယ်ပေးခဲ့သည်။
မောင်က ဘယ်လောက်ပဲ မောင်လေးဖြစ်ချင်တယ်ပြောပြော အရွယ်ရောက်လာလို့ ခန္ဓာကိုယ်ပြောင်းလဲလာမှုကိုတော့ မောင်ရော ကျွန်မရော သူသူပါ မတားဆီးပေးနိုင်ခဲ့ပါ။
"‌မမ...အခုတလောမေမေ ဝယ်ပေးတဲ့ အထဲအင်္ကျီက မောင်အသက်ရှုကြပ်လိုက်တာဗျာ မောင်ဝတ်နေကျ စွပ်ကျယ်လောက်ကို မကောင်းဘူး"

မုန်တိုင်းWhere stories live. Discover now