အပိုင်း(၁၂)

618 30 7
                                    

ဒီလိုနဲ့ အချိန်တွေ တရွေ့ရွေ့ ကုန်ဆုံးခဲ့သည်။ ကျွန်တော်က အဝေးသင်တက်ရင်း မသူတို့ရုံး၌ အလုပ်ဝင်ခဲ့တာ တစ်နှစ်ကျော်ရှိခဲ့လေပြီ။
"မောင်ကလေး ညနေ DOB အဖွဲ့ဝင်တွေ meetingရှိတယ်တဲ့ မင်းတီလေးကို ဖုန်းဆက်ပေးဦး"

"မသူတို့ စိတ်ကောက်နေကြပြန်ပြီလား"

"မဟုတ်တာ ကျွန်မ စိတ်ကောက်ရဲပါ့မလား ရှင့်အန်တီကိုက မူနေတာ သူ့ဘက်က ဖုန်းမခေါ်မချင်း သူ့ဆီ စပြီး မဆက်သွယ်ပါနဲ့တဲ့"

"မသူ ဘာလုပ်ထားလို့လဲ"

"အဖြေတောင်းထားတာလေ...ဟီး"
"မူယာမာယာများတဲ့အမျိုးသမီးကြီး ချစ်သူသက်တမ်း တစ်ရက်ပြည့်တာနဲ့ လက်ထပ်ပစ်မှာ"

"ဟမ်...မောင့်ဘဝရဲ့ တစ်ဦးတည်းသော မိသားစုကို ခေါ်သွားဦးမလို့လား ဒါနဲ့ တီလေးက မသူရဲ့အချစ်ဦးတော့မဟုတ်ဘူးမလား"

"အချစ်ဦးတော့ဘယ်ဟုတ်မလဲကွ ငယ်ငယ်က တဖက်သတ်ချစ်ခဲ့ဖူးသူတစ်ယောက်တော့ရှိခဲ့တယ် သူနဲ့က ဘယ်လိုမှမဖြစ်နိုင်တော့တဲ့ ဆက်ဆံရေးမို့လို့ ရပ်တန့်လိုက်ရတာ"

"အို... ဘယ်လို‌အခြေအနေတွေရှိခဲ့လို့ လက်လျော့လိုက်ရတာလဲ"

"ဟမ်... သူက ငါ့လို မဂေးဘူးလေ အယ် ပြီးတော့ သူ့နောက်လိုက်နေတဲ့ အကောင်တွေက အများသား အဲတော့ မိန်းကလေးဖြစ်နေတာနဲ့တင် ငါရှုံးသွားပြီလေ"
"ဒါနဲ့ မင်းတီလေးကိုတော့ ငါ့ကို ပေးနော် ငါ မင်းနားကမလုယူပါဘူး မင်းတို့အိမ်ပေါ်တက်ပြီး အိမ်ထောင်ဦးစီးလာလုပ်မှာ ဒုတိယအကြိမ်တော့ ငါအရှုံးမခံတော့ဘူး"

တစ်ချိန်က ကိုယ့်ရဲ့ဖြစ်တည်မှုကို ပထမဆုံးအကြိမ်သိလိုက်ရတော့ ကျွန်မအနားက‌လူတွေ ကျွန်မကို စိတ်ပျက်သွားမှာ သိပ်စိုးရိမ်တာပဲ။ ဒါကြောင့်လည်း ဘာကိုမှ သတ္တိမရှိဘဲ လွယ်လွယ်နဲ့ လက်လွှတ်ပေးခဲ့ရတာပေါ့။

ရှိနေတဲ့ ဆက်ဆံရေးလေးပြတ်တောက်သွားမှာစိုးတဲ့စိတ်နဲ့ ကျွန်မက ကျွန်မရဲ့ ခံစားချက်တွေကို မြိုချထားခဲ့ရတာ။အခုအရွယ်ရောက်လာတော့မှနောက်ပြီး ခေတ်တွေပြောင်းလာတော့မှ ဘယ်လိုဖြစ်တည်မှုမျိုးကမှ ရှက်စရာမဟုတ်မှန်းနားလည်လာတဲ့အချိန် အန်တီက ကျွန်မဘဝထဲ အလုံးအရင်းဝင်ရောက်ခဲ့ပြီးပြီ။

မုန်တိုင်းWhere stories live. Discover now