အပိုင်း(၈)

572 33 1
                                    

တက္ကသိုလ်ကျောင်းသူကြီးဖြစ်သွားတဲ့နောက်
မမမှာ သူငယ်ချင်းတွေပိုများလာခဲ့သည်။မသူအပြင် တချို့သူငယ်ချင်းတွေလည်း တခါတလေ အိမ်လာ လာလည်တတ်သည်။မမက အမှတ်ကောင်းပေမယ့် ဘာကိုမှဝါဿနာမပါလို့ သူငယ်ချင်းနှစ်ယောက်ပေါင်းပြီး စီးပွားရေးမေဂျာယူခဲ့ကြသတဲ့။

ကျောင်းတက်ရတာအပျော်ကြီးပျော်ခဲ့ဖူးတဲ့ကျွန်တော်က မမ မပါတဲ့ state ကျောင်းသားဘဝကို ပျင်းရိငြီးငွေ့လှပါပြီ။တစ်ယောက်ထဲ ကျောင်းဝင်းထဲ ယောင်ချာချာလမ်းလျှောက်ရတာ လေးနှစ်ရှိပြီ မမရယ် ကျွန်တော်တို့ အတန်းသိပ်မကွာရင် အခုလို ခွဲရမှာမဟုတ်ဘူးနော်....

"မောင်...ယူနီဖောင်းတွေ မမ မီးပူတိုက်ထားပေးပြီးပြီနော်"

"ဟုတ်ကဲ့ မမ"

"ကျောင်းမှာ အနိုင်ကျင့်တဲ့သူရှိသေးလားမောင်"

"မရှိပါဘူး  မမရဲ့မောင်ဆိုတာနဲ့ ဘယ်သူမှမထိရဲတော့ဘူးလေ"

"ဟားဟား...ကောင်းတယ်"
တကယ်တော့ ညီမလေးစနိုးကို စာကူးပေးရတာတွေရှိတတ်သည်။ကိုယ့်ထက်အတန်းတစ်နှစ်ကြီးတဲ့ ညီမလေးက အတန်းထဲစာလိုက်မရေးဘဲ ကျောင်းဆင်းမှ သူငယ်ချင်းစာအုပ်ငှားကာ လာကူးခိုင်းတတ်သည်။
အဒေါ်ကို သံယောဇဉ်မရှိသော်လည်း ညီမလေးကိုတော့ ချစ်ခင်မိသည်။ကလေးမက မိဘတွေကြောင့်ဆိုးနေပေမယ့် မျက်နှာသွင်ပြင်လေးက အရုပ်မလေးအတိုင်း လှသည်။ချစ်ဖို့လည်းကောင်းသည်။

အသက်အရွယ်ကြီးပြင်းလာသည်နှင့်အမျှ ကျွန်မအပေါင်းအသင်းလူဝင်ဆံ့လာသည်။ တက္ကသိုလ်တွေက မြို့ပြင်မှာရှိနေတော့ ကျောင်းပြန်ချိန်တွေက နောက်ကျတတ်သည်။ စနေ တနင်္ဂနွေရက်များတွင် သူငယ်ချင်းတွေစုပြီး လည်ရင်လည် မလည်ရင် အိမ်၌ မုန့်လုပ်စားကြသည်။ မောင့်ကိုလည်း အရင်ကလောက် သီးသန့်အချိန်မပေးဖြစ်တော့ပါ။

ကျွန်မ ကျောင်းသွားဖို့ မနက်စာစားနေပေမယ့် မောင်ကတော့ ရောက်မလာသေးပါ။ practical ရှိလို့ လောနေတာနဲ့ ကျွန်မလည်း မောင့်အခန်းတံခါးလေးခေါက်ကာ မောင်ရေ ထတော့နော်ဟု အပေါ်ယံလေးနိုးပြီး ကျောင်းကိုသွားလိုက်မိသည်။

မုန်တိုင်းWhere stories live. Discover now