အပိုင်း(၅)

460 28 2
                                    

‌မောင်အိမ်ရောက်လာတဲ့ နွေကျောင်းပိတ်ရက်ကို မှတ်သားထားကာ မောင့်အတွက် မွေးနေ့ပွဲလေး လုပ်ပေးသည်။ ဧည့်သည်ကတော့ သူသူတို့ မိသားစုပေါ့ တအိမ်လုံးလိုက်လာသလား အောက်မေ့ရတယ်  ထမင်းချက်တဲ့လူရော ခြံစောင့်ရော အကုန်ပါလာသည်။
"နင်တို့အိမ်ကလူ ဒါအကုန်ပဲလား"

"နင်ဘာသိလို့လဲ ဒါက‌မောင်ကလေးရဲ့ ပထမဆုံးမွေးနေ့ပွဲလေ"

"ငါသိတယ်လေ ငါကိုယ်တိုင်သတ်မှတ်ပေးထားတာပဲ‌ဟာ"

"အေးလေ သူ့ရဲ့ ပထမဆုံးလုပ်တဲ့ မွေးနေ့ပွဲမှာ ရွှေဧည့်သည်တွေ များနေတာ မောင်ကလေးပိုပျော်မှာပေါ့ စိတ်ချပါ အိမ်ရှိ လူအားလုံးလိုက်လာပေမယ့် လိုက်တာတဲ့ လူတိုင်းကို လက်ဆောင်ထည့်ပေးဖို့ ဒယ်ဒီ့ကို မှာထားတယ်"

"အဲလိုကျတော့လည်း ဘယ်ဆိုးလို့လဲ"
ကျွန်မသတ်မှတ်ပေးတဲ့ မောင့်ရှစ်နှစ်ပြည့်မွေးနေ့ပွဲလေးဟာ သူငယ်ချင်းမလေးကြောင့် ပိုပြီး လူစုံတက်စုံ စည်ကားခဲ့ရသည်။
‌မောင့်မျက်ဝန်းတွေက သိပ်ပျော်နေမှန်း ကြည့်မိသူတိုင်း အရှင်းသားမြင်နေရသည်။
"မောင်တော့ မမတို့ တစ်မိသားစုလုံးကိုရော မသူတို့ကိုရော သိပ်ကျေးဇူးတင်တာပဲ"

"အလို မင်းစကားက ဘာအဓိပ္ပာယ်လဲ‌မောင် မမတို့ မိသားစုဆိုတော့ မင်းက အခုထိ ဒီမိသားစုဝင်မဖြစ်ချင်သေးတာလား"

"မောင် အဲ့လိုပြောတာမဟုတ်ပါဘူး မောင့်ရဲ့ မုန်တိုင်းဆိုတဲ့ ဘဝလေးကို မမတို့က ငြိမ်သက်စေခဲ့တာမဟုတ်လား မောင် ကျေးဇူးတင်အားကိုးရလွန်းလို့ပါ"

"နောက်ထပ် ကျေးဇူးတင်စကားပြောနေမယ်ဆို မမ မင်းကို မခေါ်တော့ဘူးမောင်"
မောင်က သူ့နှုတ်ခမ်းတစ်စုံကို လက်ကလေး ဖိကာထားကာ ဘာမှမပြောတော့ပါဘူးဆိုတဲ့ ဟန်ကိုလုပ်ပြနေသည်။

မောင့်အတွက်ဆိုပြီး မမက သူ့မုန့်ဖိုးလေးစုကာ ဝက်ဝံရုပ်လေးဝယ်ပေးသည်။ မောင်မြတ်နိုးရသမျှ အရာတွေက ‌မမက မောင့်အတွက်ဆိုပြီး သီးသန့်ဖြစ်တည်လာခြင်းတွေပဲမို့ ဝက်ဝံရုပ်လေးကိုလည်းကုတင်ခေါင်းရင်းမှာ နေရာချပေးရသည်။
နွေကျောင်းပိတ်ရက်တွေမှာ မမက စာသင်ပေးပြီး မောင်လူတော်လေးဖြစ်လာရင် မမဘဝက ပြည့်စုံပြီလို့ ခဏတိုင်းပြောတတ်လို့ ကျွန်တော် စာလုပ်ဖို့ မပျင်းရဲတော့ပါ။ ကျွန်တော့်အရွယ်မှာ ကျွန်တော်နားလည်မိတာက လူတော်ဆိုတာ စာတော်တဲ့လူကို ပြောတယ်ပဲထင်မိတာကိုး....

မုန်တိုင်းWhere stories live. Discover now