Chapter 8

465 37 7
                                    

#Unicode

တန်ဆောင်တိုင်ည။
ဘုရားရင်ပြင်ပေါ်တွင် ဆီမီးထွန်းသူ၊ ဘုရားကန်တော့သူတို့ဖြင့် စည်ကားလျက် ဘုရားအောက်ဘက် ပွဲဈေးတန်းတွင်လည်း လူစည်ကားလျက်။ အစ်ကိုကတော့ ဆရာနိုင်တို့နဲ့ ဘုရားရင်ပြင်မှာ စကားပြောရင်းကျန်ရစ်ပြီး ကောင်းကောင်းကတော့ ရှိုင်းထက်နဲ့ ဟိန်းခန့်တို့ကိုခေါ်ကာ ပွဲဈေးတန်းလည်နေသည်။

အစ်ကိုတို့ကိုစောင့်နေရင်း ပွဲဈေးတန်းအနောက်ဖက်၌ ပွဲဈေးလျှောက်ရင်းဝယ်လာသည့် အကြော်ထုပ်တစ်ထုပ်နှင့် အကြမ်းပန်းကန်တို့ဖြင့် လာထိုင်နေကြသည်။ မဟုတ်လည်း အစ်ကိုတို့က ကြာဦးမှာပဲ‌ေလ.....။

လှမ်းမြင်နေသည့် ထုံးသုတ်ထားသော ဘုရားစေတီဖြူဖြူ‌ဖွေးနှင့် အနောက်ဘက်ကောင်းကင်ယံရှိ ဝင်းဝါလှပနေသော လမင်း။ လူသံသူသံတို့ဖြင့် စည်ကားမှုတို့ကို ထိုအခြင်းအရာတို့က ဖြိုခွဲကာ ပတ်ဝန်းကျင်အငွေ့အသက်နှင့်အတူ ရင်ထဲ၌ လွမ်းမောစေသည်ထင်ရဲ့... ကောင်းကောင်းရင်ထဲ မွန်းကြပ်လွန်းနေသည်။

"ရှိုင်းထက်...၊ ဟိန်းခန့်"

"ဟင်"

"ဘာလဲ"

"ငါ ....... "

"ငါ လူတစ်ယောက်ကို ချစ်မိနေ‌ပြီ"

"ဘာရယ်"

"ဘာပြောတယ်"

မျက်လုံးပြူးသွားကြသည့် သူငယ်ချင်းနှစ်ယောက်ကိုကြည့်ပြီး ကောင်းကောင်း ဆက်ပြောရမည်လော၊ ကျော်သွားလိုက်ရမည်လော ဝေခွဲရခက်နေသည်။ ကောင်းကောင်းဖက်က သေချာနေပြီ။ သူတို့ဆိုတာလည်း ညီအစ်ကိုလိုပေါင်းကြတဲ့ သူငယ်ချင်းအရင်းကြီးတွေ။ သို့သော် ပြောရသည်မှာ *သဘင် သဘင်နဲ့ အမြင်ပဲလွယ်တာ* လို့ အဘွားပြောလေ့ရှိသလိုပင် မည်မျှပင်အားတင်းကာ ပြောပြဖို့စိတ်ကူးပါသော်လည်း ဝန်လေးနေမိသည်။

"ဘယ်သူ့ကိုလဲ မောင်ကောင်း။ မင်းဟာက အတည်ပေါက်ကြီးနဲ့"

"‌အေးလေ ပြောပြပါဦးဟ မောင်ကောင်းရ။ ဘယ်သူလဲ ညီမလေးလား မမလား"

"အစ်ကို"

*ဖွီး*

"ဘာ ဘာဖြစ်တယ် ဘယ် ဘယ်သူ"

ကိုယ့်ဘဝရဲ့ ရောင်ခြည်ဉီး Where stories live. Discover now