Chapter 3

374 33 6
                                    

#Unicode

ဇွန်လတစ်ရက်နေ့။
ကျောင်းသားတိုင်းလိုလို မျှော်လင့်ခဲ့ရသည့် ကျောင်းတက်ရက် ပထမဆုံးနေ့ကို ရောက်လာပေပြီ။ ကောင်းကောင်းတစ်ယောက် ဒီနေ့တော့ အရင်နဲ့မတူပဲ ကျောင်းသွားဖို့သေချာပြင်ဆင်ပြီး စောစောထွက်လာခဲ့သည်။ ခါတိုင်းဆို ၉ နာရီထိုးမှ အိမ်ကထွက်ရတဲ့နေ့တွေက ခပ်များများ။

"ယောက် ..... ဖ"

"ဟ ငနွား အစောကြီးပါလား"

"ဒါပေါ့ အစ်မပေးလေးရဲ့"

ကျောင်းထဲဝင်ဝင်ချင်း သူကြီးရဲ့တူတော်မောင် ကုပ်ကမြင်းလေး ရှိုင်းထက်သာကို တွေ့လိုက်ရတာမို့ ကိုယ်ကပဲဉီးအောင် နှုတ်ဆက်လိုက်သည်။ အသက်လည်းသိပ်မကွာတဲ့ ငယ်ငယ်ကတည်းက ပုခုံးဖက်ပေါင်းလာသူတွေမို့ စစနောက်နောက် ဆဲဆဲဆိုဆိုပင်။

အတန်းထဲမှာ ရှေ့ကနေရာရအောင် ဉီးနေကြတဲ့မိန်းကလေးတွေကိုကြည့်ပြီး ကောင်းစေမင်း ခေါင်းတစ်ချက်သာ ရမ်းလိုက်မိသည်။ တကယ့်သုခဘုံက နောက်ဆုံးတန်းမှာသာ ရှိသည်မဟုတ်ပါလား။

"ငနွား၊ ငတုံး"

"ငပိန်း ချီးထုပ်ကောင်"

ကျောင်းတက်ခါနီးမှကပ်ဝင်လာသူက ဟိန်းခန့်အောင်။ ငဟိန်းကို ငပိန်းလို့ပင် ပြောင်ခေါ်ရင်း နာမည်တွင်သွားရပေမယ့် တကယ်တော့မပိန်းပါ၊ ဟိန်းခန့်က စာတော်သည်။

"နောက်ကျပါလား ဟေ့ကောင်"

"အေး အဖေနဲ့ ပြောင်းခင်းလိုက်သွားနေလို့လေ"

"ဆရာလာပြီ ငနွား"

"မင်္ဂလာပါ ဆရာ"

စကားပြောနေကြရင်း ဝင်လာသူက အစ်ကို...။ ရေညှိပုပ်ရောင် ကျောင်းစိမ်းပုဆိုးလေးကို ရှပ်အဖြူလေးနဲ့တွဲဝတ်ထားပြီး လက်ကို တံတောင်ဆစ်နားလောက်ထိ ခေါက်တင်ထားသည့် အကိုက uniform နဲ့ တကယ်ကြည့်ကောင်းလှသည်။ ဒီနေ့ပထမဆုံးအချိန်က အစ်ကို့အချိန်ဖြစ်မည်။

"မင်္ဂလာပါ ကလေးတို့။ ထိုင်ကြပါ။ ဆရာ့နာမည်က ခမ်းရောင်ခြည်ပါ။ မင်းတို့ကိုးတန်းကို bio နဲ့ eng သင်ပေးဖို့ တာဝန်ယူထားပါတယ်။ အရင်ဆုံး ဆရာ့ကို တစ်ယောက်ချင်းစီ မိတ်ဆက်ပေးကြပါဉီး။ ကိုယ်အားနည်းတဲ့ဘာသာရော တခါတည်းပြောလိုက်နော်"

ကိုယ့်ဘဝရဲ့ ရောင်ခြည်ဉီး Where stories live. Discover now