Chapter 7

395 32 7
                                    

#Unicode

မနှစ်ရဲ့အစပိုင်းက ရွာကျောင်းကိုအထက်တန်း‌ကျောင်းအဖြစ် တိုးချဲ့ပြီး ဆရာတစ်ယောက်နဲ့ ဆရာမနှစ်ယောက် သုံးနှစ်အပြောင်းကျခဲ့သည်။ ထိုဆရာတစ်‌ယောက်က ဦးခမ်းရောင်ခြည် တဲ့.....။ အသားဖြူပြီး အရပ်ကတော်တော်မြင့်သည်.....6 ပေတော့အနည်းဆုံးရှိလိမ့်မည်ထင်၏။ မျက်ခုံးနက်နက်တို့နှင့်အတူ စူးရှသောမျက်လုံးအစုံက တစ်ဖက်လူကို လွှမ်းမိုးနိုင်စွမ်းရှိသည်။ အသားက ကောင်းကောင်းထက်ပင် ဖွေးသည်။ ရင်ခွင်ကျယ်ကျယ်ရှိပြီး တအားထွားထွားကြိုင်းကြိုင်းကြီးမဟုတ်သော်လည်း နွေးထွေးမှုအတိ ပေးစွမ်းနိုင်သည်ကို ဟိုနေ့က အစ်ကို့နှင့်ဝင်တိုက်မိကတည်းက သေချာသိပါသည်။

အစ်ကို့မိသားစုအကြောင်းတွေအထိတော့ သေချာမသိသေးပါ.....သို့သော် အဖေက တိုင်းပညာရေးမှူး၊ အဘိုးကတော့ company ပိုင်ရှင်ဟု အဘွားတို့နှင့်ပြောနေကြသည်ကို နားစွန်နားဖျားကြားထားသည်။ သောကြာနေ့ညနေဆို ကိုကြီးတို့နဲ့ မတိမ်းမယိမ်းလောက်သာရှိဦးမည့် အစ်ကိုကြီးတစ်ယောက်က ကားနဲ့လာခေါ်သွားသည်။ တနင်္လာနေ့မနက်လောက်မှ ပြန်လာသည်။

*အစ်ကို အလုပ်သစ်တစ်ခုအတွက် လေ့လာနေရလို့* ဟုပြောကာ ကောင်းကောင်းအတွက်ဆိုပြီး အချိန်ဇယားတစ်ခုဆွဲပေးထားသည်။ ထို့ကြောင့် မနှစ်ကထက်စာရင် နည်းနည်းတော့လွတ်လပ်ပါသည်။ သို့သော်...ထိုနှစ်ရက်အတွင်း ရသင့်သည့်စာမရရင်၊ ပြီးရမည့်စာမပြီးရင် တနင်္လာနေ့ပြန်ရောက်လို့စစ်တဲ့အခါ ထိုင်ထလုပ်ရသည်.......အရိုက်မခံရလို့လည်းဝမ်းမသာနိုင်၊ ဒီနေ့ညထိုင်ထလုပ်ရပြီးရင် နောက်နေ့မနက်ကျ လမ်းလျှောက်သည့်အခါ ကွတ ကွတဖြင့် ရုပ်သေးရုပ်ကြီးအသက်ဝင်နေသည့်နှယ်။

ညနေကျောင်းဆင်းရင်လည်း 1 နာရီလောက် ဆရာနိုင်နှင့်အတူ ဆယ်တန်းဖြေမည့်သူ ကောင်းကောင်းအပါအဝင် စုစုပေါင်း ၁၁ ယောက်လုံးကို guide သဘောမျိုး အချိန်ပိုထည့်ထားပေးသည်။ ထို့အပြင် အဘွားတို့ရဲ့ကောင်းမှုကြောင့် ဗီဇ‌ဆိုးလေးတွေကို ပြန်ခေါက်သိမ်းကာ အဆင်ချော‌စေရသည်။ မဟုတ်ရင် အတွယ်ခံရပြီသာ မှတ်ပေရော့ပဲ။

ကိုယ့်ဘဝရဲ့ ရောင်ခြည်ဉီး Where stories live. Discover now