Chapter 2

375 30 4
                                    

#Unicode

မုံရွာအောင်မင်္ဂလာကားလေးကွင်းကိုရောက်တော့ ဂိတ်ကြိုတွေကြားတိုးထွက်ကာ သူကြီးအကြိုလွှတ်လိုက်တယ်ဆိုတဲ့ လူနှစ်ယောက်ကို လိုက်ရှာရတာအမော။ ညကားမို့ မနက်စောစော ဒီကိုရောက်လာသဖြင့် နေသိပ်မပူသေးတာ ကံကောင်းတယ်ပြောရမည်။ ရန်ကုန်မှာအနေများပေမယ့် ဇာတိက ရှမ်းတောင်တန်း အအေးပိုင်းဒေသများဆီကမို့ အပူသိပ်မခံနိုင်။ သုံးနှစ်ဆိုတဲ့တာဝန်ကြီးကို နေပူကျဲကျဲအညာဒေသကြီးမှာ ခမ်းရောင်ခြည်တစ်ယောက် ကျော်ဖြတ်ပေဦးပေါ့။ ဘုရား…ဘုရား…။

“ဆရာ…ဒီမှာဗျ။ အဲ့ဘက်မဟုတ်ဘူး”

“ဪ ကိုထူး…အေးအေး”

ထူးစေမင်းနှင့်အတူ ရွာသားတစ်ယောက်ပါလာသည်။ မြောက်ဘက်ထွက်ပေါက်ကိုကျော်လွန်၍ တောင်ဘက်ဆီပင်ရောက်နေသော မိမိကိုယ်ကိုယ် အံ့ဩမိရုံသာ။



ကားကွင်းကနေ လမ်းနည်းနည်းလျှောက်ပြီးတော့ ကားတစ်ဆင့်ထပ်စီးရသေးသည်။ ရွာထိပ်မှာ ဆင်းပြီး မိနစ်အနည်းငယ်လောက် လမ်းထပ်လျှောက်ပြီးချိန်တွင် သူကြီးအိမ်သို့ရောက်လာသည်။ သူကြီးနှင့် စကားခဏပြောပြီးမှ ဆရာတော်ဘုရားကိုဝင်ဖူးပြီး ကိုထူးတို့အိမ်ကို လိုက်သွားလိုက်သည်။ သူကြီးအိမ်မှာက တစ်ဝန်းထဲမှာ အိမ်ဆောင်နှစ်ဆောင်ရှိပေမယ့် ယောက်ျားသားရယ်လို့က သူကြီးနှင့် သူ့တူကောင်လေးတစ်ယောက်သာရှိပြီး ကျန်တာအကုန် မိန်းကလေးတွေချည်းပဲမို့ သူကြီးအိမ်မှာတည်းဖို့အတွက် ရေရှည်မှာအဆင်မပြေနိုင်တာမို့ ကျောင်းအုပ်ဆရာကို အကျိုးအကြောင်းပြောပြီး ဆရာနားနေခန်းမှာ နေဖို့ပြောသော်လည်း ကျောင်းမှာက ခြံစည်းရိုးလုံလုံခြုံခြုံ မရှိဘူးဟုပြောသောကြောင့် ကိုထူးနှင့်သာ လိုက်နေဖို့ လုပ်ရတော့သည်။

“အစ်ကို… ပေး ပေး ဒီကို”

အဝတ်တစ်အိတ် စာအုပ်တစ်အိတ် ထည့်လာလို့ ခရီးဆောင်အိတ်နှစ်ခုဖြစ်နေတာကြောင့် တစ်ယောက်တစ်ခု သယ်လာကြသည်မို့ ဆရာ့လက်ထဲကအထုပ်ကိုဆွဲယူပြီး အိမ်ထဲပြေးဝင်သွားသည့် ညီဖြစ်သူကြောင့် ထူးစေမင်းမှာ ဘေးကနေ ငုတ်တုတ်မေ့မတတ်ဖြစ်ရသည်။ အရင်ရက်တွေက ဆရာ့ကို အိမ်မှာတည်းခိုင်းမယ်ပြောတော့ ဆရာတွေနဲ့ သားကဓာတ်မတည့်ဘူး၊ အလာ့ဂျစ်ရှိတယ် ဘာညာပြောပြီး ဆူပုတ်နေတဲ့ ငမွှေထိုးကောင်က အခုကျ ကိုယ့်ကိုကျော်ပြီး ဆရာ့ကိုအရင်ကြိုနေသည်။

ကိုယ့်ဘဝရဲ့ ရောင်ခြည်ဉီး Where stories live. Discover now