Chapter 4

414 35 3
                                    

#Unicode

ညဘက်အိမ်မှာစာပြန်လုပ်ရသည့်အချိန်တွေမှာ ကောင်းစေမင်းတစ်ယောက် ဝီရိယကောင်းနိုင်ခဲ့တာ တစ်ပတ်ထက် ပိုမခံနိုင်ခဲ့ပါ။ အစမှာတော့ တက်တက်ကြွကြွရှိခဲ့ပေမယ့် နောက်ပိုင်းတွေမှာပျင်းလာရသည်။ 7 နာရီခွဲ‌ဆိုလျှင် 8 မတ်တင်းလောက်မှ အခန်းဆီကို ရောက်ရောက်လာပြီး 9 နာရီခွဲလို့ ဒေါင်ဆိုတာနဲ့ ဖင်တကြွကြွဖြစ်နေတတ်သည်မှာ အခုဆို နှစ်ဆုံးစာမေးပွဲကြီးပင် နီးနေပြီ။

ညဘက်စာလုပ်စမရှိခဲ့တဲ့သူဖြစ်တာရော ညကြီးမိုးချုပ်မို့ရော စိတ်ကိုအများကြီးလျှော့ထားပြီး ကျောင်းမှာလောက် မတင်းကြပ် ..... တော်ရုံတန်ရုံလွှတ်ထားပေးသည်။ ဘာပဲဖြစ်ဖြစ် ဆူရုံငေါက်ရုံ လက်ဆစ်ခေါက်ရုံလောက်နဲ့သာ ပြီးသွားတတ်ပြီး တခါတလေမှ ထိုင်ထလုပ်ခိုင်းတာမျိုးသာ ရှိခဲ့သည်။

ထိုအခွင့်အရေးများကိုလည်း ကောင်းစေမင်းဟူသည် အပြည့်အဝထက်ပင် ကျော်လွန်၍ ယူတတ်လွန်းပေသည်။

အခုလည်း 8 နာရီကထိုးပြီးနေပြီ။ သူက ညစာစားကတည်းက အိမ်မှာမရှိ။ အဘွားကိုလည်း ရွာထဲခဏလို့သာပြောပြီးထွက်သွားတာမို့ အဘွားကလည်း မျှော်လှပြီ။ ထူးစေမင်းလည်း ထမင်းစားပြီး ‌မီးအိမ်တစ်လုံးနဲ့အရှာထွက်သွားပေမယ့် မတွေ့ဘူးဟုသာ ဆိုလာမို့ စိတ်ပူလာရသည်။

"ခါတိုင်းရော သူဘယ်သွားတတ်လဲ အဘွား"

"သူက ရွာရိုးကိုးပေါက်သွားတာ သားရယ် မပြောချင်ပါဘူး။ တကယ်တည်း ဘယ်တွေရောက်နေမှန်းမသိဘူး"

"ကျွန်တော်တစ်ခေါက်လောက်သွားရှာကြည့်ရမလား အဘွား ရွာထိပ်ဖြစ်ဖြစ် ရွာပြင်ဖြစ်ဖြစ်ပေါ့။ ရွာထဲက နှံ့ပြီဆိုတော့"

"မဖြစ်ဘူး ဆရာ"

"မဖြစ်ဘူး သား"

ထူးစေမင်းရှာတာ ရွာထိပ်နဲ့ရွာပြင်ဘက်ပိုင်းသာ ကျန်တော့သည်ဆိုသောကြောင့် ထိုနေရာများကို ကိုယ်တိုင်သွားရှာကြည့်ဖို့ပြောလိုက်တော့ နှစ်ယောက်လုံး ပြာပြာသလဲတားလာကြသည်။

"ဒီလို သားရဲ့။ ရွာထိပ်နတ်ကွန်းက ကြမ်းတယ်ကွယ့်။ ရွာခံမဟုတ်တဲ့သူတွေမပြောနဲ့ ရွာ‌နေပြည်တိုင်တွေတောင် အဲ့ဘက်ကို နွားရိုင်းသွင်းချိန်ကျော်ရင် တစ်ယောက်စနှစ်ယောက်စတည်းဆို မဖြတ်ရဲကြတော့ဘူး။ ရွာခံမဟုတ်လို့ကတော့ ဝိဉာဉ်ပါနှုတ်တာမျိုးတွေရှိတယ်။ ဖြစ်ဖူးလို့ပြောတာပါကွယ်။ သားသွားလို့မဖြစ်ဘူး"

ကိုယ့်ဘဝရဲ့ ရောင်ခြည်ဉီး Where stories live. Discover now