Chapter 5

361 24 4
                                    

#Unicode

ဆောင်းလရာသီ။
မနက်ဝေလီဝေလင်းအချိန်မို့ ဝန်းကျင်တဝိုက် မြူများက အရှင်းမပျောက်သေး.....အုံ့မှိုင်းနေ၏။

ထိုအချိန်ဆို လယ်ထဲဆင်းကြဖို့ လုပ်ငန်းစတင်ဖို့ရာ အဆာပြေထမင်းကြမ်းထုပ်နှင့်တကွ နွားများကျွဲများ၊ ပေါက်ပြားအစရှိသည့် လယ်ယာလုပ်ငန်းသုံးပစ္စည်းများကို ထုပ်ပိုးကာ လယ်ကွင်းယာခင်းများဆီသို့ သွားကြချေပြီ။

ကောင်း‌ကောင်းအတွက်ကတော့ အဘွားနှင့် ကိုကြီးထူးတို့က ယာမလုပ်ခိုင်းသည်မို့ အိမ်မှုကိစ္စတွေကို မိန်းကလေးသဖွယ် စီကာပတ်ကုံးလုပ်ရသည်။ မနက်စောစောထ ထမင်းဟင်းချက်ပြီး ကျောင်းသွား၊ နေ့လယ်ထမင်းစားကျောင်းဆင်းရင် အိမ်ကိုပြန်ပြီး ထမင်းထုပ်ကာ အခင်းထဲမှာပဲ ကိုကြီးနဲ့အတူ စားဖြစ်တာများသည်။ ကျောင်းကပြန်လာရင် ခြေသဝေထိုးရသေးသည်။ လည်၍အားရ‌တော့မှ ပြန်လာပြီး အိမ်နောက်ဖေးက ဝါးရုံနှင့် အပင်များကို ရေလောင်း၊ ကိုယ်တိုင်လည်း ရေမိုးချိုးပြီး ညစာစားကြသည်။ ခဏနားပြီးလျှင်တော့ အစ်ကိုနဲ့စာပြန်လုပ်ရသည်။

စာသင်ချိန်ကို အချိန်ခိုးလွန်းတာမို့ ဟိုနေ့ကကိစ္စပြီးကတည်းကစပြီး အစ်ကိုက ဆရာ့နိုင်ဆီကနေ တကယ်ကြီး ကြိမ်လုံးတစ်ချောင်း တောင်းချလာသည်။ စားပွဲခုံဘေးတွင် အကျအနနေရာ‌ယူထားပေသော နောင်တော်ကြိမ်လုံး၏မျက်နှာသည် ကောင်းကောင်းကိုအချိန်တိကျဖို့နှင့် စာရစေဖို့၊ အိမ်စာပြီးစေဖို့ အပြည့်အဝအကူအညီ‌ပေးသည်။

ရိုးရှင်းလွန်းတဲ့နေ့စဉ်ဆောင်တာတွေဆိုသော်ငြား စဉ်းစားကြည့်ရင် အစ်ကိုနဲ့အိမ်မှာစာသင်ရသည်မှစကာ နောက်ပိုင်းသိပ်မအားလပ်တော့။ ရေကန်ကြီးဆီ၊ ကြက်ဝိုင်းတွေဆီ၊ ဘုန်းကြီးကျောင်းက သရက်ပင်တွေ၊ ပစ်ချချင်စရာ ငှက်ကလေးတွေဆီ၊ ဘောလုံးကွင်းဆီ.....။

စာမေးပွဲက ဒီနေ့စပြီမို့ ပြီးသွားတာနဲ့ နွေသုံးလကျောင်းပိတ်ချိန်။ အစ်ကိုကလည်း ပြန်မှာဆိုတော့ သတိတော့ရမှာပေမယ့် ပြန်သွားပြီဆိုမှ အတိုးချကမြင်းရမည်။



"ဖြေနိုင်လား သူငယ်ချင်းတို့"

"ဒါပေါ့ လွယ်လွယ်လေး"

ကိုယ့်ဘဝရဲ့ ရောင်ခြည်ဉီး Where stories live. Discover now