အချိန်အတော်ကြာတော့သူမနှုတ်ခမ်းလေးတွေပူထူလာ၍ငွေ့ရည်ကိုကြီးရင်ဘတ်အားအသာတွန်းထုတ်မိတော့၏။
သဝဏ်သူမအားစိတ်လိုလက်ရအတင်းနမ်းနေတုန်းမှာသူမလေးကသူ့ရင်ဘတ်အားတွန်းဖယ်လာတာကြောင့်သူနမ်းနေရာမှခွာကာ
''ဘာဖြစ်လို့လဲငွေ့ရည်''
''မေးတတ်သေးတယ် ကိုကြီးကဒီလောက်နမ်းနေတာကိုး ငွေ့ရည်အသက်ရှူကြပ်ပြီးနှုတ်ခမ်းတွေပူလာပြီ''
''ဆောရီးပါကလေးရယ် ကိုကြီးနည်းနည်းစိတ်လွတ်သွားတယ်''
''ဘယ်လိုကြီးခေါ်လိုက်တာလဲကိုကြီးရဲ့ ဘာကလေးလဲ''
''ချစ်သူဖြစ်သွားရင်အဲလိုပဲခေါ်မှာ''
''ဟင်...ဘယ်သူကချစ်သူဖြစ်ပါမယ်ပြောလို့လဲ''
''ကိုကြီးစိတ်ကသိနေတာလေ''
''ဖြစ်ရမယ် ငွေ့ရည်သွားတော့မယ်ကိုကြီး''
ကိုကြီးကသူမနဖူးအားလက်နဲ့စမ်း၍
''ကိုယ်နည်းနည်းပူနေသေးတယ် နွေးနွေးထွေးထွေးအိပ်နော် ဆရာဝန်ပေးလိုက်တဲ့ဆေးလည်းအချိန်မှန်သောက်ဦး''
''အင်းပါ တာ့တာကိုကြီး သွားတော့နော်''
''အင်း တာ့တာ ကိုကြီးအိပ်မက်ထဲလာခဲ့နော်''
(🙄🙄)ပြောပြီးကိုကြီးကနေရာမှလှည့်ထွက်သွားလေ၏။
ငွေ့ရည်မှာပြုံးစေ့စေ့ဖြင့်အခန်းရှေ့ရောက်လာကာအခန်းတံခါးကိုဖွင့်လိုက်တော့ထားထားကအခန်းပေါက်မှာရပ်နေ၍သူမမှာလိပ်ပြာလွင့်မတတ်လန့်သွားရလေ၏။
''အမလေး! ဘုရား''
''ငါပါ''
''ထားထား နင်ဒီမှာဘာရပ်လုပ်နေတာလဲ ငါ့ကိုလန့်ေ.သအောင်လုပ်နေတာလား''
''ငွေ့ရည် ငါတို့စကားပြောရအောင်''
ထားထားမျက်နှာကအရမ်းတည်ငြိမ်နေ၍ငွေ့ရည်စိတ်ထဲမှာတစ်ခုခုကိုရိပ်စားမိသွားသလိုပင်။
ထားထားကသူမအားအခန်းရှေ့ကမြက်ခင်းပြင်ဆီခေါ်လာပြီးမှ
''ငါရှင်းရှင်းပဲပြောမယ် ခုနကနင်နဲ့အစ်ကိုနဲ့နမ်းနေတာကိုငါမြင်ပြီးပြီ''
🌺Part.12🌺
Start from the beginning