🌺Part.1🌺

7.9K 79 0
                                    

Unicode

''တီတောင်...တီတောင်''

ခြံရှေ့ကအဆက်မပြတ်ဘဲလ်သံကြောင့်အိမ့်မှူးဝေတစ်ယောက်အိမ်ထဲမှအပြေးတစ်ပိုင်းထွက်လာခဲ့လိုက်၏။

သူမလူတကိုယ်စာထွက်လို့ရတဲ့တံခါးပေါက်လေးကိုဖွင့်ကြည့်လိုက်တော့luggageကြီးဆွဲကာခြံရှေ့မှာရပ်နေသောမိန်းကလေးကိုအမြင်မှာတအံ့တသြဖြင့်

''ငွေ့ရည်''

''hiသူငယ်ချင်း''

''လာလာ အိမ်ထဲအရင်ဝင်ခဲ့''

''အင်း''

အိမ့်မှူးကငွေ့ရည်အားအိမ်ထဲခေါ်ခဲ့ပြီးမှ

''ထိုင် ကဲ ပြောစမ်းပါဦး ဘယ်ကနေဘယ်လိုရောက်လာတာလဲ''

''ငါအိမ်ပေါ်ကဆင်းလာတာ''

''အမ် ဘာဖြစ်လို့လဲ''

''ငါ့အဖေကသူ့နောက်မိန်းမကိုအိမ်ပေါ်ခေါ်တင်လာပြီလေ အဲဒါကြောင့် ငါနင့်အိမ်မှာနေလို့ရတယ်မလားဟင်''

''နေလို့ကရပါတယ် ဒါပေမယ့်ငါ့အစ်ကိုကအရမ်းစည်းကမ်းတင်းကြပ်တာနော် နင်နေနိုင်ပါ့မလား''

''ငါနေနိုင်ပါတယ် ဘာမှမပူနဲ့''

''ဒီကိစ္စကိုထားထားရောသိလား''

''မသိဘူး''

''အေးပါ နင်ကငါ့ကိုဘာမှကြိုမပြောတော့ငါဘာမှမစီစဥ်ထားရဘူး လောလောဆယ်ငါ့အခန်းမှာနေလိုက်နော်''

''ok''

''ကဲလာ''

ငွေ့ရည်ထိုင်ရာမှထရပ်လိုက်ပြီးမှနံရံမှာချိတ်ထားသောဓာတ်ပုံကိုကြည့်ကာ

''အံမယ် ရုပ်တည်ကြီးနဲ့ ဒါကြီးကိုထားထားကဘာတွေကြွေနေလဲမသိဘူး''

ထိုဓာတ်ပုံပိုင်ရှင်ကအိမ့်မှူးရဲ့တစ်ဦးတည်းသောအစ်ကိုဖြစ်တဲ့သဝဏ်ပါပဲ။
သူမရယ်ထားထားရယ်အိမ့်မှူးရယ်ကတက္ကသိုလ်ရောက်မှခင်ကြပေမယ့်ငယ်ပေါင်းကြီးဖော်တွေလိုအတွင်းသိအဆင်းသိခင်ကြတာပင်။

သူမကတော့အဖေတစ်ခုသမီးတစ်ခုဖြစ်ပြီးအတော်လေးပြည့်စုံချမ်းသာ၏။

အိမ့်မှူးကတော့မိဘတွေမရှိတော့ပဲအစ်ကိုဖြစ်သူရဲ့အုပ်ထိန်းမှုအောက်မှာကြီးပြင်းနေရသူဖြစ်သည်။
အိမ့်မှူးတို့ကလ​ည်းသူမတို့နည်းတူပြည့်စုံချမ်းသာပြီးလူကုံထံအသိုင်းအဝိုင်းကဖြစ်၏။
သူမအစ်ကိုကလည်းစားဖိုမှူးတဲ့လေ။

🌺My cutie baby🌺[completed]Where stories live. Discover now