🌺Part.2🌺

2.4K 57 0
                                    

Unicode

''အန်ကယ့်နာမည်ကဦးလင်းထင်ပါ ငွေ့ရည်ရဲ့အဖေလေ''

သဝဏ်သူ့နားရက်မှာအေးဆေးနေရမလားမှတ်ပေမယ့်ဟိုအရှုပ်ထုပ်မလေးရဲ့အဖေကအိမ်ကိုရောက်ချလာပြီပင်။

''ကျွန်တော့်နာမည်ကသဝဏ်ပါ အန်ကယ်ခဏလေးစောင့်ပါဦး ကျွန်တော့်ညီမသူ့ကိုသွားခေါ်နေပြီ''

ချက်ချင်းဆိုသလိုပဲငွေ့ရည်နဲ့အိမ့်မှူးကဧည့်ခန်းထဲရောက်လာပြီးငွေ့ရည်ကဆိုဖာမှာဝင်ထိုင်ကာအိမ့်မှူးကတော့ဦးလင်းထင်အတွက်​​ကော်ဖီသွားဖျော်ပေးလေ၏။

ငွေ့ရည်ကအဖေဖြစ်သူရှေ့မှာမျက်နှာကိုအတင်းဆူပုပ်ထားပြီး

''ဒက်ဒီဘာလာလုပ်တာလဲ''

''သမီးကိုလာခေါ်တာလေ ဒက်ဒီနဲ့ပြန်လိုက်ခဲ့ ဘာလို့သူများကိုဒုက္ခလာပေးနေတာလဲ''

''သူများမဟုတ်ပါဘူး ဒါသမီးသူငယ်ချင်း အိမ် ဒါကသမီးကိုကြီး''

သူ့ကိုကြီးနဲ့တောင်တွေ့နေသေး။ဒီငတိမကတော့။

''ဘာပဲဖြစ်ဖြစ်ပါသမီးရာ ဒက်ဒီနဲ့အိမ်ပြန်လိုက်ခဲ့ပါ''

''သမီးကိုပြန်လိုက်စေချင်ရင်ဒက်ဒီ့နောက်မိန်းမကိုအိမ်ပေါ်ကကန်ချလိုက်လေ ဒက်ဒီ့မိန်းမနဲ့ဒက်ဒီ့မယားပါသမီးတွေနဲ့အတူမနေနိုင်ဘူး''

''သမီးကလည်းကွာ မြသက်ကဒီလောက်သဘောကောင်းပြီးရွှေရည်နဲ့ငွေရည်ကလည်းဒီလောက်လိမ္မာတာကို''

''အဲဒါဒက်ဒီ့ရှေ့မို့ဟန်ဆောင်နေတာနေမှာပေါ့ သမီးကတော့မိထွေးနှိပ်စက်တဲ့ဘဝမှာမနေနိုင်ဘူး စင်ဒရဲလားလည်းအဖြစ်မခံနိုင်ဘူး သမီးဝတ္ထုတွေရုပ်ရှင်တွေထဲမှာမြင်ဖူးနေကျ အဲလိုမိထွေးနဲ့မယားပါသမီးတွေကမင်းသမီးကိုနှိပ်စက်နေကျ''

သူမစကားကြောင့်သဝဏ်ရယ်ချင်သွားပေမယ့်ရယ်တော့မရယ်မိခဲ့ပါ။

''အဲဒါကြောင့်ပြောတာပေါ့ ဝတ္ထုတွေဖတ်တာလျှော့ပါဆို မလိုချင်ဘူး သမီးအခုချက်ချင်းဒက်ဒီနဲ့ပြန်လိုက်ခဲ့''

ငွေ့ရည်ကချက်ချင်းပဲကြမ်းပေါ်လှဲချပြီးကိုယ်ကိုလူးလှိမ့်ကာခြေထောက်တွေကိုပွတ်၍

🌺My cutie baby🌺[completed]Where stories live. Discover now