🌺Part.9🌺

2K 43 0
                                    

Unicode

သူချက်ချင်းပဲထားထားကိုဆွဲဖယ်၍ငွေ့ရည်ရှေ့အမြန်လျှောက်လာလိုက်၏။

ငွေ့ရည်ကလည်းကိုကြီးသူမထံလျှောက်လာတာမြင်တာနဲ့ချက်ချင်းအိမ်ပေါ်ပြေးတက်ဖို့ကြံလိုက်ရာ ကိုကြီးကသူမအားအမိအရဆွဲထားပြီးမှ

''ငွေ့ရည် ဒါငွေ့ရည်ထင်သလိုမဟုတ်ဘူးနော် ငွေ့ရည်အထင်မလွဲနဲ့''

​ငွေ့ရည်ကိုအတင်းရှင်းပြနေသောသဝဏ့်ကိုကြည့်ပြီးထားထားရင်ဘတ်တစ်ခုလုံးတစ်စတစ်စနာကျင်လာရသည်။
အစ်ကိုကငွေ့ရည်ကိုချစ်နေတာတစ်ကယ်သေချာသွားခဲ့ပြီ။

''ကိုကြီးငွေ့ရည်ကိုလွှတ်''

''မလွှတ်ဘူး ငွေ့ရည်စိတ်ထဲသံသယဖြစ်သွားမှာမျိုးကိုကြီးတစ်ကယ်ပဲမလိုချင်ဘူးငွေ့ရည်''

သူတို့တစ်​ယောက်မျက်နှာတစ်ယောက်ကြည့်ကာခေတ္တမျှတိတ်ဆိတ်သွားရပြီးမှသဝဏ်က

''ထားထား မင်းသွားလို့ရမလား''

ထားထားကျလုကျငင်မျက်ရည်တွေကိုမြိုသိပ်ရင်းဖြင့်သူတို့ဘေးကဖြတ်လျှောက်လာပြီးအိမ်ပေါ်သို့တက်လာခဲ့လိုက်လေသည်။

ထားထားမရှိတော့ဘူးဆိုမှသဝဏ်လည်းငွေ့ရည်လက်ကိုဆွဲကာဧည့်ခန်းထဲခေါ်လာလိုက်ပြီးအတူယှဥ်တွဲထိုင်၍

''ငွေ့ရည် ကိုကြီးကိုတစ်ကယ်ပဲအထင်လွဲသွားပြီလား ပြောပါဦး''

''ကိုကြီးနဲ့ငွေ့ရည်ကဘာဆိုင်လို့ကိုကြီးကအဲလောက်အသည်းအသန်ရှင်းပြနေတာလဲ''

သူမမေးခွန်းအတွက်သူ့မှာအဖြေမရှိ။သူသိတာတစ်ခုကငွေ့ရည်သူ့ကိုအထင်လွဲသွားမှာသူသိပ်စိုးရိမ်သည်။

''အဲဒါက...''

''ကိုကြီးငွေ့ရည်ကိုအမြင်ကပ်နေတယ်ဆိုပြီးဘာလို့ခုလိုအသည်းအသန်ဖြစ်ပြနေတာလဲ''

''လုပ်ပြန်ပြီငွေ့ရည်ရာ အဲ့ကိစ္စကိုကိုကြီးညကတည်းကပြောပြီးပြီလေ ငွေ့ရည်ကိုဘယ်တုန်းကမှအမြင်မကပ်ဖူးဘူးလို့ ညကဆူလိုက်တာကလည်းငွေ့ရည်ဝတ်ထားတာအရမ်းတိုလွန်းပြီးထင်းလွန်းနေလို့ဆူလိုက်တာ ညကတည်းကငွေ့ရည်ကိုကိုကြီးချော့ပြီးပြီလေ ဘာလဲ မမှတ်မိတော့ဘူးလား''

🌺My cutie baby🌺[completed]Where stories live. Discover now