Unicodeသူတို့ဟိုတယ်ပြန်ရောက်တော့သဝဏ် သူမအားအခန်းရှေ့ထိလိုက်ပို့ပေးခဲ့၏။
တစ်လမ်းလုံးစကားမပြောဖြစ်ခဲ့တဲ့သူတို့ ခုထိလည်းဘာစကားမှမပြောဖြစ်သေးပေ။
''ဟို ငွေ့ရည်သွားပြီနော်''
''အင်း''
သူမကိုကြီးကိုနှုတ်ဆက်၍အခန်းရှေ့သွားမယ်လုပ်တုန်းကိုကြီးကသူမလက်အားလှမ်းဆွဲပြီးခါးကိုပါသူ့လက်အစုံနဲ့ဖက်လိုက်တာကြောင့်သူမနဲ့ကိုကြီးမှာလူချင်းပူးကပ်သွားရလေသည်။
''ကိုကြီး ဘာ ဘာလုပ်မလို့လဲ''
ကိုကြီးကသူမအားဘာမှမပြောပဲစိုက်ကြည့်နေတာကြောင့်ငွေ့ရည်မှာ အဖျားကြောင့်လားရှက်တာကြောင့်လားမသိပဲမျက်နှာတစ်ခုလုံးပူနွေးနွေးဖြစ်လာရလေသည်။
''ငွေ့ရည် ကိုကြီးပြောတာကိုငွေ့ရည်ဘယ်လိုတွေးထားလဲ''
''ကိုကြီးကလည်း ငွေ့ရည်ကချက်ချင်းကြီးဘာတွေးနိုင်မှာလဲ''
''ငွေ့ရည်စိတ်တော့မဆိုးဘူးမလား''
''စိတ်ဆိုးရင် ကိုကြီးခုလိုအတင်းဖက်ထားတာကိုငြိမ်ခံနေပါ့မလား''
''ဒါဆို ငွေ့ရည်ဆီကနေအဖြေတစ်ခုခုကိုကိုကြီးမျှော်လင့်လို့ရတယ်မလား''
ငွေ့ရည်ကရှက်ပြုံးလေးနဲ့ခေါင်းညိတ်ပြလေ၏။
တစ်ကယ်ဆိုသူမအပြုအမူတွေထဲမှာအဖြေပါနေပြီးတာကိုကိုကြီးမသိဘူးလား။''ဒါဆို ကိုကြီးငွေ့ရည်ကိုထပ်နမ်းချင်တယ်''
''ဟင်...မရဘူးလေကိုကြီးရဲ့ ငွေ့ရည်တို့ချစ်သူတွေမှမဖြစ်သေးတာ''
''ခုနကတောင်နမ်းပြီးပြီလေ''
''အဲဒါကရုတ်တရက်ကြီးဖြစ်သွားတာလေ ခုလိုထပ်နမ်းမယ်ဆိုတာကျတော့ နည်းနည်းတစ်မျိုး အွန့်''
သူမစကားမဆုံးခင်ကိုကြီးကသူမနှုတ်ခမ်းအားနမ်းလာလေ၏။
ကိုကြီးကိုခုလိုဇွတ်တရွတ်ဆန်မှန်းငွေ့ရည်ခုမှပဲသိသည်။ပြောရရင်ငွေ့ရည်လည်းကိုကြီးနမ်းတာလေးကိုပဲသဘောကျနေမိတာမို့နည်းနည်းလေးမှမငြင်းမိ။
ပြီးတော့သူမကမနမ်းတတ်၍ကိုကြီးကသာဦးဆောင်နမ်းသွားတာလေးကိုကြိုက်သည်။