🌺Part.11🌺

2K 39 0
                                    

Unicode

အသက်ဘေးကသီသီလေးလွတ်သွားပြီးနောက်မှာငွေ့ရည်ရောထားထားပါနေမကောင်းဖြစ်ချင်လာကြ၏။

ဒါပေမယ့်ထားထားကဆေးကြိုသောက်လိုက်တာကြောင့်အဆိုးကြီးမဖြစ်ပဲဆေးသောက်ရမှာ​ကြောက်တဲ့ငွေ့ရည်ကတော့တဖြည်းဖြည်းကိုယ်ပူရှိန်တွေတက်လာခဲ့လေသည်။

အိမ့်မှူးကလည်းကောင်လေးတစ်ယောက်နဲ့ဆုံကာအီစီကလီလုပ်နေတာကြောင့်ငွေ့ရည်ဖျားနေတာကိုသိပေမယ့်အရမ်းကြီးဆိုးနေတာကိုမသိလိုက်ပေ။

သဝဏ်လည်းညီမဖြစ်သူကိုရော ငွေ့ရည်ကိုရောဖုန်းဆက်လို့မရတာကြောင့်သူမတို့အခန်းရှိရာဆီထွက်လာမလို့လုပ်တုန်းထားထားကအရင်သူ့ဆီရောက်လာပြီးမှ

''အစ်ကို ထားထားလေ နေသိပ်မကောင်းချင်ဘူးဖြစ်နေတာ အဲဒါဆေးခန်းလိုက်ပို့ပေးပါလားဟင်''

''အရမ်းဆိုးနေလို့လား''

''အင်း ခေါင်းတွေအရမ်းကိုက်ပြီးနေလို့မကောင်းတော့ဘူး''

''အင်းပါ သွားမယ်လေ ဒါနဲ့ငွေ့ရည်ရော''

''သူအခန်းထဲမှာရှိတယ်''

''ဪ သူဖုန်းမကိုင်လို့ဘာများဖြစ်နေသလဲလို့ပါ သွားရအောင်''

''ဟုတ်အစ်ကို''

သူတို့ဆေးခန်းရောက်သွားတော့ထားထားကအဖျားသိပ်မရှိတာမို့ဆရာဝန်ကသောက်ဆေးသာပေးပြီးပြန်လွှတ်လိုက်လေသည်။

''တော်ပါသေးရဲ့ ဆရာဝန်ဆေးထိုးမပေးလိုက်လို့ ထားထားကဆေးထိုးအပ်အရမ်းကြောက်တာလေ''

သူတို့စကားပြောရင်းဟိုတယ်သို့ပြန်ရောက်လာတော့သဝဏ်ကထားထားအား

''အစ်ကိုမင်းကိုအခန်းရှေ့ထိလိုက်ပို့ပေးရမလား''

''ရပါတယ်အစ်ကို အစ်ကိုထားထားကိုစိတ်မပူပါနဲ့''

''မဟုတ်ဘူး အစ်ကိုကငွေ့ရည်ကိုတွေ့ချင်လို့''
(တစ်ကွက်😹)

''ဪ အဟင်း ရတယ်လေ''

ထားထားအောင့်သက်သက်ဖြစ်သွားရတာအမှန်ပင်။

သူထားထားအားအခန်းရှိရာလိုက်ပို့နေတဲ့လမ်းမှာအိမ့်မှူးကအမောတကောပြေးလာပြီး

🌺My cutie baby🌺[completed]Where stories live. Discover now