🌺Part.7🌺

2.2K 56 4
                                    

Unicode

''ထားထား နင်ကဘယ်နေ့ပြန်မှာလဲ''

အိမ့်မှူးစကားကြောင့်ထားထားမှာမျက်စိမျက်နှာပျက်သွားရသည်။
​ငွေ့ရည်ကတော့အိမ့်မှူးကိုတစ်လှည့်ထားထားကိုတစ်လှည့်ကြည့်ကာအသံတိတ်နေ၏။

''ငါတစ်ရက်နှစ်ရက်လောက်ထပ်နေလို့မရဘူးလား ငါ့အစ်မတို့ကခုထိမပြန်သေးလို့''

''နင်ပြောတော့တစ်ပတ်တည်းဆို ခုကတစ်ပတ်ကျော်နေပြီ''

''နင်ကငါ့ကိုနှင်နေတာလားအိမ့်မှူး''

''အဲလိုမဟုတ်ပါဘူး နင်ကတစ်ပတ်တည်းနေမှာလို့ပြောလို့မေးကြည့်တာ''

ထားထားကငွေ့ရည်ဘက်မြှားဦးလှည့်လာပြီး

''ငွေ့ရည် နင်ကရောဒီအိမ်မှာဘယ်လောက်ကြာအောင်နေမှာလဲ''

''သူ့ဘာသာဘယ်လောက်ကြာအောင်နေနေပေါ့ သူဒီအိမ်ရောက်တုန်းကဒီမှာဘယ်လောက်ပဲနေပါမယ်လို့မပြောခဲ့ဘူး''

''အေးပါ ငါကမေးကြည့်တာ ငါအိပ်တော့မယ်နော်''

ပြောပြီးထားထားကခေါင်းအုံးထက်လှဲအိပ်လိုက်လေ၏။

ငွေ့ရည်လည်းနေရင်းထိုင်ရင်းနဲ့အနေခက်သလိုခံစားလိုက်ရသည်။
သူမနဲ့ထားထားကြားမှာလည်းတစ်ခုခုကကာဆီးလိုက်သလို တစ်ခုခုကဝေးကွာသွားစေသလိုခံစားလိုက်ရပြန်လေ၏။

____________

သဝဏ်တစ်ရေးနိုးလို့ အောက်ထပ်ကိုရေဆင်းသောက်ချိန်မှာမီးဖိုခန်းထဲကမီးလင်းနေတာကြောင့်သူမီးဖိုခန်းထဲဝင်ခဲ့လိုက်တော့ငွေ့ရည်ကခေါက်ဆွဲဗူးထိုင်စားနေတာကိုတွေ့လိုက်ရလေသည်။

''အဟမ်း''

သူချောင်းဟန့်လိုက်တော့ငွေ့ရည်ကသူ့ကိုလှည့်ကြည့်လာပြီး

''ဟာ ကိုကြီး မအိပ်သေးဘူးလား''

''ဘယ်ချိန်ရှိပြီလဲခုက''

''12ခွဲနေပြီထင်တယ်''

''အဲဒါကိုမအိပ်ရသေးတာဖြစ်မလား တစ်ရေးနိုးလာတာ''

''ဪ''

သဝဏ်ရေခဲသေတ္တာထဲကရေတစ်ဗူးကိုယူသောက်ပြီးမှ

🌺My cutie baby🌺[completed]Where stories live. Discover now