🌺Part.9🌺

En başından başla
                                    

''......''

''ငွေ့ရည်မွေးနေ့အတွက်မွေးနေ့ကိတ်လုပ်ပေးရမယ်ဆိုပြီးကိုကြီးကိုကတိတောင်းလို့တောင်မှကိုကြီးကတိပေးလိုက်သေးတယ်''

အဲဒါကသူမစိတ်ထဲထင်နေတာမဟုတ်ဘူးပဲ။

''မသိဘူး မမှတ်မိဘူး''

''ဟုတ်လို့လား''

''ဟုတ်တယ် ဟွန်း မျက်နှာနှစ်ဖက်နဲ့''

''ဟောဗျာ ဘယ်မှာမျက်နှာနှစ်ဖက်လဲ''

''မသိဘူး ကိုကြီးကိုအမြင်ကပ်တယ်''

ပြောပြီးငွေ့ရည်ထိုင်နေရာမှထကာလှည့်ထွက်သွားဖို့ပြင်လိုက်စဥ်ကိုကြီးကသူမလက်ကိုဆွဲလိုက်တာကြောင့်သူမကိုယ်လေးကကိုကြီးပေါင်ပေါ်ထိုင်လျက်သားလေးဖြစ်သွားရလေ၏။

''ကိုကြီးဘာလုပ်တာလဲ ခုလွှတ်နော် ငွေ့ရည်ကထားထားမဟုတ်ဘူးသိလား ဖယ်ပါဆို''

သူ့ရင်ဘတ်အားလက်သီးဆုပ်လေးနဲ့ထုကာတွန်းဖယ်နေသောသူမလက်ကလေးအားသူချုပ်ကိုင်လိုက်ပြီး

''ခုနကထားထားကမတော်တဆဖြစ်တာ ငွေ့ရည်ကိုကတမင်ထိုင်ခိုင်းတာ''

''ဘယ်သူကထိုင်ချင်တယ်ပြောနေလို့လဲ''

''အာ့ဆိုခုနကဘာလို့သဝန်တဲ့ရုပ်လေးဖြစ်သွားတာလဲ''

''ဟင်!''

ငွေ့ရည်မျက်နှာကချက်ချင်းပန်းရောင်လေးသမ်းသွားရပြီးကိုကြီးဆီမှအတင်းရုန်းကာ

''အာ ဖယ်မှာသဝန်တိုလို့လဲ ဖယ်ဖယ် ခုဖယ် သူများမြင်ရင်တစ်မျိုးထင်နေမယ်ကိုကြီးရဲ့''

ထိုစဥ်

''အဲဒါဘာဖြစ်နေကြတာလဲဟင်''

အသံလာရာကိုနှစ်​ယောက်သားလှည့်ကြည့်လိုက်တော့

''အိမ့်..အိမ့်မှူး''

ငွေ့ရည်ချက်ချင်းပဲကိုကြီးပေါ်မှထကာနေရာမှ​ပြေးထွက်လာလိုက်တော့၏။

အိမ့်မှူးကအစ်ကိုဖြစ်သူနားလျှောက်လာပြီး

''ကိုကို အခုညီမလေးဘာမြင်လိုက်တာလဲဟင် ကိုကိုနဲ့ငွေ့ရည်တို့ချစ်သူတွေဖြစ်နေကြပြီလား''

🌺My cutie baby🌺[completed]Hikayelerin yaşadığı yer. Şimdi keşfedin