"ငါသူတို့အကုန်လုံးကိုမစည်းရုံးခဲ့ဘူး။ရှုသော်တစ်‌ေယာက်တည်းကသာ ငါစည်းရုံးခဲ့တဲ့လူပဲ။ကျန်တာတွေကို ငါကခြိမ်းခြောက်ခဲ့တာလေ။ငါကမော့ရှောင်းထျန်ကို ငါတို့ကိုမကူညီခဲ့ရင် သူမခိုးစားနေတဲ့ပုံတွေကို သူမယောင်္ကျားဆီပို့လိုက်မယ်လို့ ပြောခဲ့တယ်။ရီလီလီကိုကျတော့ သူမငါတို့ကိုမကူညီရင် သူမရဲ့အကြွေးစာရင်းကို သူမအမှုသည်တွေဆီပို့လိုက်မှာလို့ပြောလိုက်တယ်.....အဲ့လိုမှတော့သူတို့တွေလုံးလုံးလျားလျားချေမှုန်းခံလိုက်ရပြီပေါ့။အခုမင်းငါ့ကိုအမိန့်ပေးနေတုန်းမှာကို သတင်းကပေါက်လာလိမ့်မယ်။ဒီအရာကသေချာပေါက်လူထုအမြင်အများကြီးကို ဆွဲခေါ်သွားမှာပဲလေ"

  "ဟ!"

  ရှန်ရှောက်ချင်သည် ခပ်မိုက်မိုက်ပို့စ်တစ်ခုကိုဂုဏ်ယူဝင့်ကြွားစွာလုပ်လိုက်သည်။

  "အဆုံးတော့လည်း ကိစ္စတွေကိုအစီအစဉ်ချတာမှာ မင်းကငါ့အပေါ်မှီခိုဖို့လိုနေသေးတာပဲ"

  မိမိမှာရှန်ရှောက်ချင်၏အရှက်မဲ့မှုကြောင့် ပြောစရာပျောက်ဆုံးသွားရသည်။ရုတ်ချည်းရှန်ရှောက်ချင်သည် သတိလစ်နေသောမိမိဘက်လှည့်လာကာ လေးလေးနက်နက်ပြောလာသည်။

  "ရှုသော်က‌ေပြာတယ် ငါတို့ကိုကူညီဖို့ဆန္ဒရှိသွားတာက လင်းယိရှင်းကြောင့်တဲ့။အစကလုဝမ်ရွှယ်နဲ့ပတ်သက်ပြီး သူကဘာတစ်ခုမှမလုပ်ပေးချင်ခဲ့ဘူးလေ။ဒါပေမယ့်သူစိမ်းတစ်ယောက်ကတောင် လုဝမ်ရွှယ်ကြောင့်သူမအသက်ဆုံးရှုံးလုနီးနီးဖြစ်တဲ့အထိ ယုံကြည်ပေးနေတယ်ဆိုမှတော့ ကျောင်းသားဟောင်းတစ်ယောက်အနေနဲ့ သူရဲ့ဆရာဟောင်းကိုယုံပေးဖို့ဆုံးဖြတ်ချက်ချခဲ့တာတဲ့"

  အိုး။အဲ့တော့ပြောရရင် ငါ့ရဲ့ကြိုးစားမှုကလုံးဝအောင်မြင်တယ်ပေါ့လေ။ရှန်ရှောက်ချင်၏စကားများအား ကြားပြီးသည်နှင့် မိမိနှလုံးသားမှာနွေးထွေးကာ မရေမရာခံစားခဲ့ရသည်။

  "ကောင်းပြီ။ဥက္ကရဲ့မိသားစုကို သူတစ်သက်လုံးအမှတ်ရနေရအောင် ထိုးနှက်လိုက်ကြစို့"

  ရုတ်တရက်ဆိုသလို စုယန်၏မျက်လုံးများမှာ မှောင်မိုက်သွားသည်။ဤသည်မှာမိမိနှင့်ရင်းနှီးခဲ့‌ေသာ အဆိပ်ရှိ‌ေသာလျှာနှင့်စုယန် ဒါမှမဟုတ် သိမ်မွေ့ကာငဲ့ညှာတတ်သောစုယန်အသွင်မှ သိသိသာသာကွဲထွက်နေသည်။

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်Where stories live. Discover now