Ch-58

175 17 0
                                    

Paid group စဆုံးကို၃၀၀၀ကျပ်ဖြင့်လာဝင်လို့ရပါပြီနော်။

Ch-58  ရှန်မောင်နှမ

  လူရှုပ်မလေးသည်မိမိရှေ့တွင်အလွန်မောက်မာပြနေကတည်းမှ မိမိသည်သူမအားစိတ်အနှောင့်အယှက်ဖြစ်စေရန်တမင်လုပ်ပစ်ချင်နေခဲ့သည်။ထို့ကြောင့်မိမိသည်ဖြေလျှော့ကာ ပြီးစလွယ်ပြောလိုက်သည်။

  "ငါကဒီမှာသူနဲ့နေ နေပြီလေ။ငါတို့မှာဘယ်လိုပတ်သက်မှုမျိုးရှိနေတယ်ဆိုတာကသိသာမနေသင့်ဘူးလား။နင်ကကလေးတစ်‌ေယာက်ပဲရှိသေးတာဆိုတော့ အများကြီးသိမထားသင့်ဘူး"

  မိမိထင်သည့်အတိုင်းပင် မိမိစကားများမှာသူမအားဒေါသထွက်သွားစေခဲ့သည်။သူမသည်မိမိအားနှစ်ခြမ်းဖြဲပစ်ချင်နေသကဲ့သို့ သူမသွားများအားကြိတ်နေခဲ့သည်။သို့သော်မိမိသည်စိတ်ထဲမှာတော့ခံစားလို့ကောင်းနေခဲ့သည်။ငါ့ရဲ့ခံစားချက်ဆိုးနေတဲ့နေ့တစ်နေ့မှာ ငါနဲ့လာရှုပ်ဖို့သူမကိုဘယ်သူကပြောလို့လဲ။

  မိမိသည်သူမမှာထွက်သွားတော့မည်ဟုထင်လိုက်၍ တံခါးအားပိတ်ဖို့လုပ်လိုက်သည်။သို့သော်ရုတ်တရက်ဆိုသလိုပင် ကလေးမသည်အံ့အားသင့်‌ေလာက်စရာခွန်အားပမာဏဖြင့် မိမိအားတွန်းကာအထဲသို့တိုက်ရိုက်ဇွတ်ဝင်သွားသည်။

  "စုယန်ကောကော၊စုယန်ကောကော"

  သူမသည်အော်ပြီးသူ၏အိပ်ခန်းဆီဦးတည်လိုက်သည်။

  "အိုင်း။နင်မလုပ်နိုင်ဘူး"

  အဲ့ဒါကငါတောင်မှမဝင်ဘူးသေးတဲ့နေရာလေ။မိမိသည်သူမအားတားရန်ပြေးသွားခဲ့သည်။သို့သော်နောက်ကျလွန်းသွားခဲ့လေပြီ။ရှန်ရှောက်နျူသည်တံခါးအားဖွင့်ပြီးသွားခဲ့လေပြီဖြစ်သည်။

- - - - -

  "အာ..."

  ဤသည်မှာမိမိမှစုယန်၏အခန်းအားမြင်ဖူးသည်မှာပထမဆုံးအကြိမ်ဖြစ်သည်။မိမိသည်အသက်ရှူမသွင်းမိဘဲမနေနိုင်ခဲ့ပေ။

  မိမိသည်ရယ်သံအားထိန်းထားနိုင်ရုံမျှသာဖြစ်သည်။စုယန်၏အခန်းသည်မိမိစိတ်ကူးထားသည်နှင့် လုံးဝခြားနားလေသည်။သူ၏အခန်းအား တင်းတင်းကြပ်ကြပ်တားမြစ်ထားကတည်းမှ မိမိသည်စုယန်၏အခန်းမှာ သူ၏စာရေးခြင်းအတွက်မှီငြမ်းစရာရရှိခဲ့ရမည့်နေရာတစ်ခုဟုအမြဲသတ်မှတ်ထားခဲ့သည်။ထို့ကြောင့်မိမိသည် သူ့တွင်ထူးဆန်းသည့်အရာပစ္စည်းမျိုးစုံအား အထဲ၌ရှိရမည်ဟုမိမိစိတ်ကူးထားခဲ့သည်။

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်Où les histoires vivent. Découvrez maintenant