Ch-29

263 25 0
                                    

Ch-29  ရှုဝေ့ရှန်ကသရဲပဲ

  တိတ်ဆိတ်မှုမှာနှစ်စက္ကန့်မျှကြာညောင်းသွားသည်။ပြီးနောက် စုယန်သည်မိမိဆံပင်များအားဆက်မ‌ဖြည်ပေးတော့ပဲ ကပျာကယာမတ်တပ်ထရပ်လိုက်သည်။သူသည်သူ၏suitအားပြန့်အောင်သပ်ပြီးသည်နှင့် သူသည်ပစ်လွှတ်လိုက်သောမြှားတစ်စင်းလိုတစ်ချိုးတည်းပြေးသွားတော့သည်။

  မိမိမှာတော့ ကြမ်းပြင်ပေါ်လဲလျက်ရှိနေသေးပြီး မိမိသာကြမ်းပြင်ပေါ်ကျန်နေခဲ့ပါလျှင် သူတို့သည်မိမိတည်ရှိမှုအားမျက်ကွယ်ပြုကာ ဆက်ငြင်းခုံကြဦးမည်လားဟု တွေးနေမိသည်။

  ခက်ခက်ခဲခဲဖြင့် မိမိမတ်တပ်ရပ်လိုက်သည်။ဝမ်းနည်းစရာကောင်းသည်မှာ မိမိလက်သည်ဆံပင်နှင့်ငြိနေဆဲဖြစ်သည်။မိမိသည် ခေါင်းကုတ်ဟန်ဆောင်လိုက်ပြီး ရှုဝေ့ရှန်နှင့်ကယ်ဗင်တို့ဆီ လမ်းလျှောက်သွားရင်း စကားကျယ်ကျယ်ပြောလိုက်သည်။

  "အား!ငါ့ခေါင်းကအရမ်းယားတာပဲ။ကြည့်ရတာ ငါဒီနေ့ခေါင်းလျှော်တုန်းက သေချာမဆေးချမိလို့ထင်တယ်"

  အခန်းထဲမှမိမိထွက်လိုက်သည်နှင့် မိမိသည်သမိုင်းတွင်အမြန်ဆုံးထွက်ပြေးသည့်နှုန်းဖြင့်ပြေးသွားတော့သည်။

  မိမိသည်အမျိုးသမီးသန့်စင်ခန်းတွင်းပြေးသွားကာ မှန်နှင့်မျက်နှာချင်းဆိုင်လိုက်သည်။မိမိမှာကိုယ်တိုင်မဖြည်နိုင်သေးခင်အချိန်ကြာကြာယူလိုက်ရသည်။လုံလောက်သွားပြီ။ယောင်္ကျားတွေက ယုံကြည်စရာတစ်စက်မှမရှိဘူး။အမျိုးသမီးတွေက သူတို့ကိုယ်သူတို့စောင့်ရှောက်ဖို့ပဲလုပ်သင့်တယ်။

  မိမိမှာဆံပင်ချည်အနည်းငယ်အား အားဖြင့်ဆွဲလိုက်မိ၍ နာကျင်မှုကြောင့်ရှုံ့မဲ့သွားရသည်။မိမိလက်လွတ်သွားသည့်နောက် ပထမဆုံးလုပ်သည့်အရာမှာ ရှုဝေ့ရှန်နှင့်ရုပ်ချင်းဆင်သည့်သရဲအားပိတ်ကန်လိုက်ခြင်းဖြစ်သည်။မိမိသည်လေထဲကိုသာကန်မိလိုက်သော်ငြား ထိုသည်မှာဒေါသအနည်းငယ်ပြေသွားအောင်တော့ ကူညီနိုင်သေးသည်။

  "နင်ငါ့ဆီကဘာလိုချင်နေတာလဲ။နင်ဒီ‌ေန့ငါ့ကိုနှစ်ကြိမ်တောင်ခြောက်ပြီးပြီ။နှစ်ကြိမ်တောင်မှ‌ေနာ်။ငါ့ကိုပြောပါဦး။မနက်ဖြန်ကျရှုဝေ့ရှန်နဲ့ကယ်ဗင်တို့သာ ငါနဲ့စုယန်တို့အကြောင်းမေးလာခဲ့ရင် ငါဘာပြန်ပြောရမှာလဲ"

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်Where stories live. Discover now