Ch-77

141 17 0
                                    

Paid မှာအစအဆုံးပြီးသွားပါပြီ။

Ch-77  ရှုသော်၏ငြင်းပယ်ခြင်း

  ဒါကရှုသော်လား။မိမိသည်ထိုလူ၏ရှေ့၌ရပ်နေခဲ့သည်။သူသည်မိမိထင်ထားသည်ထက်အားနည်းနေလေသည်။သူသည်ဖြူဖျော့နေကာ သူ့ကိုယ်သည်ပိန်ပါးပြီးပျော့ညံ့နေသည်။အဲ့ဒါကရိုးတွင်းခြင်ဆီခွဲစိတ်မှုကြောင့်များလား။

  "မင်္ဂလာပါရှင့်။ကျွန်မနာမည်ကလင်းယိရှင်းပါ။ဒီနေ့ကျွန်မကကျောင်းအုပ်လုဝမ်ရွှယ်ကြောင့်ဒီကိုရောက်လာတာပါ။ရှင်သူ့ကိုမှတ်မိသေးလားရှင့်"

  *ဘန်း*

  ရှုသော်သည်သူ၏တိုက်ခန်းတွင်းသို့ခပ်မြန်မြန်ပြန်တိမ်းလိုက်ကာ တံခါးအား အားဖြင့်ဆောင့်ပိတ်ချလိုက်သည်။တံခါးပိတ်သွားချိန်တွင် တိုက်ခတ်သွားသောလေသည် မိမိဆံပင်များအားမျက်နှာဆီကပ်သွားစေသည်။

  "ဘယ်လုဝမ်ရွှယ်ကိုမှငါမသိဘူး။ကျေးဇူးပြုပြီးသွားပါတော့"

  ရှုသော်သည်အထဲမှနေအော်လိုက်သည်။

  သူသည်မိမိအားတွေ့ရန်ငြင်းလိုက်ပြီး အပြင်တွင်သာထားခဲ့သည်။

  မိမိလက်ချောင်းများမှာ ယောက်ယက်ခတ်နေပြီး အင်္ကျီအောက်အနားစအား လိမ်နေလိုက်သည်။ဒါကငါထင်ထားသလိုမဟုတ်ဘူးလေ။မိမိသည်မျက်နှာ၌ကပ်နေသောဆံပင်များအား ဖယ်လိုက်ကာ တံခါးအားထပ်ခေါက်လိုက်သည်။

  "မစ္စတာရှုရှင့် ကျွန်မကရှင့်ကိုအတင်းအကြပ်တစ်ခုခုလုပ်ခိုင်းဖို့ ဒီကိုလာတာမဟုတ်ပါဘူး။ကျွန်မရှင်နဲ့စကားလေးပဲပြောချင်ရုံပါ"

  သို့သောမိမိမှအကြိမ်‌ေပါင်းများစွာခေါက်နေစေကာမူ ရှုသော်သည်ပျောက်ကွယ်သွားပုံရသည်။အတွင်းမှနေအသံတစ်သံပင်ထွက်မလာတော့ပေ။သူသည် 'လုဝမ်ရွှယ်' ဆိုသည့်စကားလုံးများကိုကြောက်နေပေလိမ့်မည်။

  မိမိမှာရည်ရွယ်ချက်များအားစောစောစီးစီး ပြသလိုက်မိသည့်အတွက် နောင်တရမိသည်။အဲ့လိုမှန်းသိ ဒီလိုလုပ်မှာမဟုတ်ဘူး။ယနေ့တွင်မိမိကြောင့်သူသည်တံခါးအား ဖွင့်လာတော့မည်ပုံမပေါ်ပေ။မိမိသည်အချိန်များအားသူ့အပေါ်မဖြုန်းနိုင်တော့ပေ။

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်Where stories live. Discover now