Ch-56

148 13 0
                                    

Ch-56  ငါးသောင်းအလိမ်ခံလိုက်ရတယ်

  နောက်နေ့တွင်....

  "သူကဘာလို့ဒီမှာရှိနေသေးတာလဲ"

  မိမိသည်မနက်စာပြင်ရန် အ‌ေစာကြီးနိုးလာသော်‌ငြား ရှန်ရှောက်ချင်သည် 大ပုံစံဖြင့်လှဲနေသေးကြောင်းကိုသတိပြုမိလိုက်သည်။

  "ငါထင်တာကတော့သူ့ရေချိန်ထက်ပိုသောက်လာတာနေမှာ"

  စုယန်သည်လည်းသူ၏အခန်းထဲမှထွက်လာသည်။သူသည်ရှန်ရှောက်ချင်ထံလျှောက်သွားပြီးသူ၏ခြေထောက်ဖြင့်တွန်းလိုက်သည်။

  "ထတော့။မိုးလင်းနေပြီ"

  ဒါဆိုဒါကပထမအကြိမ်မဟုတ်ဘူးပေါ့လေ။မထူးဆန်းတော့ပါဘူး။

  "အွန်း...."

  ရှတသောအသံနိမ့်နိမ့်သည်အရက်သမား၏လည်ချောင်းမှထွက်လာခဲ့သည်။ထိုသည်မှာသူ၏လည်ချောင်း၌တစ်ခုခုကပ်နေသည့်အလားပင်။

  မိမိသည်ရှန်ရှောက်ချင်ထံသို့ကြင်ကြင်နာနာဖြင့်ရေတစ်ခွက်ကမ်းပေးလိုက်သည်။

  "ရှင်အာခြောက်နေမှာပဲ။ဒီမှာ ဒါကိုသောက်လိုက်"

  ရှန်ရှောက်ချင်သည်မျက်လုံးမဖွင့်ဘဲ မိမိလက်ထဲမှရေ‌ခွက်အားယူလိုက်သည်။ထို့နောက်သူသည်လှဲနေရင်းပင်ရေသောက်ချလိုက်သည်။အမှန်တော့ ထိုသည်မှာသူသည်သူ့မျက်နှာပေါ်ရေလောင်းချနေသည့်ပုံ‌ေပါ်နေသည်။

  ဒါလည်းကောင်းတာပဲလေ။အခုတော့သူပိုပြီးသတိကပ်လာတာလည်းဖြစ်နိုင်တာပဲ။

  "အရင်ဆုံးမနက်စာစားကြစို့လေ"

  မနက်စာစားပြီးသည်နှင့် စုယန်မှဆိုဖာပေါ်လှဲနေစဉ်မိမိသည်ထရပ်လိုက်သည်။ရှန်ရှောက်ချင်အဖို့တော့ သူသည်တစ်ယောက်ထိုင်ခုံပေါ်ထိုင်ကာ ကူရှင်အားချစ်စရာကောင်းစွာဖက်ထားပြီး မိမိမျက်လုံးများအားရှောင်နေခဲ့သည်။

  "မနေ့တုန်းကဘာတွေဖြစ်ခဲ့တယ်ဆိုတာကိုရှင်မှတ်မိသေးလား"

  "ကိုယ်မနေ့ကအရက်တွေအများကြီးသောက်ခဲ့တယ်လေ"

  "အမ်ဟမ် ပြီးတော့ရော"

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်Where stories live. Discover now