Ch-69

122 18 0
                                    

ပရိုမိုးရှင်းအ‌ေနနဲ့  2500ကျပ်တည်းဖြင့်  အစအဆုံးဂရုဝင်လို့ရပါပြီနော်။

Ch-69  အစားအစာ

  မိမိသည်သူ့နောက်မှနေအခန်းထဲသို့လိုက်သွားခဲ့သည်။မီဖန်သည်လည်းအထဲ၌ရှိနေခဲ့သည်။သူတို့နှစ်ဦး၏အဝတ်များမှာသပ်သပ်ရပ်ရပ်ရှိနေသေးသည်။

  ဟမ်။ငါထင်နေသလိုဆက်ဆံရေးမျိုးမဟုတ်ဘူးလား။ဒါမှမဟုတ် သူတို့ကခုထိမစရ‌ေသးကြလို့လား။

  အား...ငါဘာတွေတွေးနေတာလဲ။

  သို့သော်ဤအခန်းမှာအလွန်အဆင့်မြင့်လှသည်။ဒါက legendary presidential suiteဖြစ်နိုင်မလား။

  မိမိသည်အခန်းကြောင့်အလွန်အံ့အားသင့်သွားရ၍ မိမိလှည့်ကွက်များထဲပြန်ပိတ်မိသွားခဲ့ရသည်။

  မဖြစ်ဘူး မဖြစ်ဘူး။လင်းယိရှင်း။နင်သတိကပ်ဖို့လိုနေပြီနော်။နင့်ရဲ့တာဝန်တွေကိုနင်သိရမယ်လေ။နင့်ကိုယ်နင်ထိန်းစမ်း။နင်လုပ်နိုင်ပါတယ်။မိမိ၏နှလုံးသားသည်ကိုယ့်ကိုကိုယ်သတိပေးနေရသည်။

  မီဖန်နှင့်လူရွယ်မှာထိုင်နေကြပြီဖြစ်သည်။လူရွယ်မှာသူ၏ပါးစပ်အားဖွင့်ကာ

  "မင်းအတွက်ဒီဟင်းပွဲတွေသီးသန့်ပြင်ဆင်ပေးဖို့စားဖိုမှူးဆီကျွန်‌ေတာ်မှာထားတယ်။သူတို့ကမင်းအကြိုက်တွေပဲ။အဖေကနောက်ကျတဲ့ထိအလုပ်ရှုပ်နေပေမယ့်လည်း ကျွန်တော်ကသတင်းထောက်မီကိုကောင်းကောင်းဂရုစိုက်ပေးရမယ်လို့ပြောထားခဲ့တယ်လေ။ကျွန်‌ေတာ်တို့အတွက်မင်းလုပ်ပေးခဲ့သမျှတိုင်းအတွက်မင်းကိုကျေးဇူးတင်တယ်နော်"

  ထို့နောက်လူရွယ်သည်မိမိအားအကြည့်တစ်ချက်ပေးလာသည်။

  ငါ့ကိုဝန်ဆောင်မှုပေးဖို့ညွှန်ပြနေတာလား။သူကတစ်ခုခုကိုအရိပ်အမြွက်ပြနေတယ်ဆိုတာကိုငါသိနေပေမယ့် ဘာလုပ်ရမယ်မှန်းတော့မသိဘူးလေဟယ်။

  မိမိသည်ဒရာမာထဲရှိဇာတ်လိုက်မင်းသားနှင့်မင်းသမီးတို့ရိုမန့်တစ်ဆန်ဆန်candlelight dinner အားဝေမျှနေကြသည့်ဇာတ်ကွက်များအား ကြိုးစားတွေးတောနေလိုက်သည်။စားပွဲထိုးကဘေးမှာဘာလုပ်နေလဲ။

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်Where stories live. Discover now