Ch-80 စုယန်၏ရင်ခွင်တွင်းဝင်ထိုင်ခြင်း
မိမိမှာအခြားသူများကြားသွားမည်ကိုထိတ်လန့်၍အသက်အောင့်ထားရသည်။
အကန့်လေးသည်မကြီးမား၍ မိမိတို့နှစ်ဦးသားမှာလက်ချင်းချိတ်ထားရသည်။ထိတွေ့မှုမှာရှောင်လွဲ၍မရပေ။
မိမိသည်ခေါင်းမော့လိုက်ရာ စုယန်၏ခေါင်းသည်အကန့်ထဲမှထွက်နေသည်ကိုသိလိုက်ရသည်။မိမိသည်စိုးရိမ်တကြီးသူ့ခေါင်းအားငုံ့ရန်ညွှန်ပြလိုက်သည်။
စုယန်သည်နားလည်သွားပြီး ဘိုထိုင်ပေါ်ထိုင်ချရင်းမိမိထံအိုကေဟုလုပ်ပြလာသည်။
ထို့နောက်သူသည်မိမိ၏ခြေထောက်အားလက်ညှိုးထိုးပြလာသည်။အပြင်ရှိလူများသည်ထိုသည်မှာ အမျိုးသမီးဒေါက်ဖိနပ်မှန်းချက်ချင်းသိနိုင်ကြလိမ့်မည်။
"ကျွန်မဘယ်လိုလုပ်ရမလဲ"
မိမိသည်သူ့ထံပါးစပ်လှုပ်ရုံပြောလိုက်သည်။မိမိသာလှုပ်ရှားမှုတစ်ခုခုလုပ်လိုက်ပါက ဒေါက်ဖိနပ်များမှာအသံထွက်လာပေလိမ့်မည်။
သို့သော်စုယန်သည်အရေးပေါ်ကိစ္စများအားကိုင်တွယ်ရာတွင် မိမိထက်ပိုအားကောင်းလေသည်။သူသည်မိမိအားသူ၏ရင်ခွင်းတွင်းဆွဲသွင်းကာ သူ၏ပေါင်ပေါ်ထိုင်စေလိုက်သည်။မိမိ၏ဒေါက်ဖိနပ်များသည် ကြမ်းပြင်ပေါ် *ဒေါက် ဒေါက်* ဟူ၍နှစ်ချက်မြည်သွားသည်။
မိမိသည်အလျင်အမြန်ခြေကြွထားလိုက်သည်။ယခုတော့ မိမိမှာလက်တွေ့ကျကျပင် စုယန်၏ကိုယ်ပေါ်မှီနေရသည်။သူ၏နာကျင်နေသောအမူအယာအရ မိမိသည်သူမှတိတ်တိတ်လေးညည်းနေမည်ဆိုတာကို ပြောနိုင်လေသည်။
"အဲ့ဒါဘာသံလဲ"
လူတစ်ယောက်ကသံသယဖြင့်မေးလိုက်သည်။သူသည်မိမိတို့ဘက်ဆီစတင်ဦးတည်လာသည်။
"တစ်ယောက်ယောက်ရှိလား။ဒီမှာဘယ်သူမှမရှိဘူးမလား"
တစ်ယောက်ယောက်သည်မိမိတို့အခန်းအကန့်လေးအားခေါက်လာကာမေးလိုက်သည်။
"အာ...ဘာမှမဟုတ်ပါဘူး။ကျွန်တော်တစ်ခုခုပြုတ်ကျသွားလို့ပါ"
VOCÊ ESTÁ LENDO
ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအားေတွရှိနေတယ်
TerrorEP-153 Author - 喵了个汪 (Miao Le Ge Wang) Translated by;gchan7127 Novel name; Supernatural girlfriend လင်းယိရှင်းသည်ယာဉ်မတော်တဆမှုဖြစ်ပြီးကတည်းမှသရဲတစ္ဆေများအားမြင်နိုင်စွမ်းရှိလာသည်။သို့သော်ငြား ဖုံးကွယ်ထားသောလူသတ်သမားတစ်ဦးလက်ထဲသေလုနီးပါးမဖြစ်ခင်ချ...