မိမိမှာနောက်ဆုံးတော့ သူ့လိုမရိုးရှင်းခဲ့ဘူးဆိုသည်အားနားလည်သွားခဲ့ရသည်။ငါသူ့ကိုချစ်တယ်။တစ်ဖြည်းဖြည်းချင်း မိမိသတိစမကပ်တော့ပေ။

  "မင်းအဆင်ပြေမှာပါ။ငါမင်းကိုဘာမှဖြစ်ခွင့်ပြုမှာမဟုတ်ဘူး"

  စုယန်သည်မိမိနားတွင်းအော်ပြောလိုက်သည်။သို့သော်အသံမှာမနီးကပ်ဘဲဝေးကွာလာနေသည်။

  အရူးလေး။ငါကသာနင့်ဆီမှာဘာတစ်ခုမှဖြစ်ခွင့်မပြုမယ့်သူပါ.....

  မိမိမှလုံးလုံးသတိမလစ်ခင်တွင် မိမိမှာစုယန်ထံတိတ်တိတ်လေးကတိတစ်ခုပြုခဲ့သည်။ငါကသူ့အတွက်အသက်ရှင်နေရမယ်။

- - - - -

  သေနတ်ဒဏ်ရာသည်မိမိနှလုံးမှ၂စင်တီမီတာတွင်ရှိခဲ့သည်။ထို၂စင်တီမီတာကြောင့်သာ မိမိအသက်ရှင်ခဲ့ရသည်။

  မိမိသည်မိမိလူနာခန်းထဲရှိခုံပေါ်ထိုင်ရင်း ဆေးရုံကုတင်ပေါ်ရှိမိမိကိုယ်တိုင်၏သတိမရှိသောကိုယ်ကိုကြည့်လိုက်ပြီး သရော်လိုက်သည်။

  ငါကဝိညာဉ်လွှင့်သွားတဲ့အတွေ့အကြုံကို ကြုံတွေ့နေရတယ်လေ။

  ဟုတ်တယ် ငါကဝိညာဉ်တစ်ခုဖြစ်လာတာ။ငါ့ကိုယ်ကအသက်ရှိတဲ့လက္ခဏာတွေပြနေသေးပေမယ့် ငါ့အသိစိတ်ကလွှင့်ထွက်လာခဲ့တာ။ငါကတစ်ခါကရှီယုဖြစ်ခဲ့တာနဲ့ တစ်ပုံစံတည်းပဲ။

  မိမိမှဘယ်လောက်ပြဲလန်နေအောင်အော်နေစေကာမူ  မည်သူမှမကြားနိုင်ခဲ့ကြပေ။အိုင်း....ဒါကသရဲတွေသဘာဝအတိုင်းကြုံတွေ့ရတဲ့အရာတွေပေါ့လေ။ပျင်းစရာကောင်းလိုက်တာ...

  စုယန်သည်နေ့ရောညပါတစ်ချိန်လုံး *မိမိ* ဘေးတွင်ရှိနေခဲ့သည်။သူသည်ဘယ်တုန်းကမှထွက်မသွားခဲ့ပေ။သူသည်မိမိအားကျောပေးထား၍ မိမိမှာသူ၏မျက်နှာအမူအယာအားမမြင်နိုင်ခဲ့ပေ။

  စုယန်၏ဂုဏ်ယူဝင့်ကြွားနေခဲ့သောခါးသည် ယခုတွင်ငူငူငိုင်ငိုင်ဖြစ်ကာကုန်းနေခဲ့သည်။သူကအပြစ်ရှိသလိုခံစားနေရလို့လား။

  စုယန်မှဤကဲ့သို့ဖြစ်လေလေ သူ့အတွက်မိမိနှလုံးသားမှာနာကျင်ရလေလေပင်။

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်Where stories live. Discover now