"အ​ဖေနဲ့အ​မေကိုပြန်​ခေါ်​ပေး။ငါ ​ပြော
စရာစကားရှိတယ်"

" ပြောစရာမလိုဘူး။မလိုဘူး​တော့ဘူး"

"​နေစင်ဟန်"

"ငါ​တောင်းပန်ပါတယ်။ငါ​တောင်းပန်
တယ်​နော် ​ပြောစရာမလိုဘူး "

ဆွဲဖက်ထားသည်ကိုအလျင်အမြန်ရုန်း
၍ သူ့ကို ​​ငေးကြည့်လာတဲ့ မျက်ဝန်း
တွေဆီမှာမေးခွန်း​တွေများစွာ။

ဒီအကြောင်းအရာကို
ဘယ်လိုမှလှည့်ပတ်ပြီး​ရှောင်လွှဲ​
ပြောလို့မရတော့သည်မလို့။

"ဆန်းဆက်က ငါက​နေတစ်ဆင့်မင်းကိုလူကြုံ ပြောခိုင်းလိုက်တယ်။မင်းကို
သူအနူးအညွှန့် တောင်းပန်ပါတယ်။
သူမင်းကို​ပြောခဲ့တဲ့စကား​တွေကို
အကုန် ပြန်ရုတ်သိမ်းလိုက်ပြီ။
မင်းဘာမှလုပ်​ပေးစရာမလို​တော့
ဘူးတဲ့။ငါ့ကို အဲဒီလိုပြောခိုင်းလိုက်တယ်"

မျက်နှာ​သေနှင့်ပင်​ ​ငေးကြည့်​​နေ
သည်မှာပြောင်းလဲခြင်းမရှိ။

"သူမင်းကိုဘာ​တွေလုပ်ခိုင်းထားလို့
လဲ။ငါ့ကိုတစ်ခြားဘာမှမ​ပြောပြဘူး။
အ​ရေး​တော့သိပ်မကြီးဘူးမလား။ငါ
ကသူလူကြုံမှာလိုက်လို့ ​လာပြောပြ
တာ။အဲ့တာဆိုရင်​​လေ ငါ ငါ ဆေးရုံ
ခဏပဲဝင်လာတာ ​ ဒီနေ့အတန်းတက်
ရမယ့် အချိန်ကသိပ်မရလို့ငါ ဒီ​လောက်နဲ့ပဲ "

"ငါ​ပြောမှာ!"

​ အနောက်ဆုတ်ဖို့လုပ်နေသည့် သူ့​
ခြေလှမ်း​တွေ ရပ်တန့်သွားရချိန်။

"​ဘယ်သူ့ပ​ယောဂမှမပါပဲ ငါကိုယ်တိုင်
ကိုကဝန်ခံချင်လို့ ​ပြောမှာ။ တစ်
လောကလုံးကို "

"​ပြောစရာမလိုဘူး။မင်းမ​ပြောရဘူး"

သူ့အသံက အနည်းငယ်ပင် ကျယ်လောင်သွားလိမ့်မည်။

"ဗျူဟာပိုင် ငါ့ကိုကြည့်။မ​ပြောရဘူး
ပြောစရာမလိုဘူးလို့ငါ​ပြော​နေတယ်​လေ "

" ဘာဖြစ်လို့ဒီလောက်အထိတား​နေရတာလဲ။မင်း​ပြော​တော့ဆန်းဆက်မှူးငါ့ကို ဘာတွေလုပ်ခိုင်းထားလဲ မင်းမသိဘူးဆို"

မျက်နှာမလွှဲစတမ်း
စူးစိုက်ကြည့်​နေသူရဲ့​အေးစက်သည့်
အသံ။

The First He GlaredWhere stories live. Discover now