"နေနေ အစ်မအခန်းထဲကdryer
ယူသွားသေးလား""မယူဘူး"
"ဘယ်ရောက်သွားပါလိမ့်"
" ဆံပင်ရေစိုနေလို့လား ခဏ
လေး ရှာပေးမယ်""ရှာပေး အမြန် ရေချိုးတုန်းက
အဖျားနားတွေစိုသွားတာ"မလတ်ကအမှားခံလို့မရသည်မလို့အမြန်
dryerရှာပေးဖို့လုပ်ရသည်။
ဒီနေ့ အမေနဲ့အဖေရယ် မလတ်နဲ့က
အမျိုးနီးကအကြီးတစ်ယောက်ရဲ့သမီး မင်္ဂလာဆောင်ကိုသွားမလို့သူတို့အိမ်
က ညံနေတာပင်။" ရှင်ဘာထိုင်လုပ်နေတာလဲ အဝတ်
အစားလဲတော့လေ""ပူတယ် တစ်ခြား ပေါ့ပေါ့ပါးပါးမရှိ
ဘူးလား""လဲဖို့ထုတ်ထားပေးပါတယ်ဆိုမှ ပူလဲ
ခဏတော့သည်းခံလိုက်။ဒါပဲရှိတယ်""အမေ့အကျီနဲ့ထဘီက အဖေ့ပုဆိုးနဲ့
အရောင်ဆင်တူလေ။အဲ့တာကြောင့်
ဝတ်ခိုင်းနေတာကို အဖေကလည်း""ဟုတ်လား"
"နှုတ်ခမ်းနီတွေသိပ်မဆိုးပေးနဲ့
လေ မိသူဇာ အမေအရမ်းအလှပြင်
သလိုဖြစ်နေမယ်""အော် အလှပြင်နေပါတယ်ဆိုမှ
နှုတ်ခမ်းနီမဆိုးနဲ့ဆိုတော့ ဘယ်လို
လုပ်ရမလဲ။ပါးပါးလေးပဲဟာ""သမီးပြင်ပေးသလိုငြိမ်ခံလေ။ လိုက်နေ
တာပဲ "" တွေ့လားအဖေတောင်ပြောနေပြီ"
"နေနေ အမေပန်ဖို့ပန်းယူခဲ့ပေးတော့"
"ကျွန်တော် သွားယူပေးမယ်မလတ်
ဘယ်နားမှာလဲ"dryer ရှာနေလို့ သူချက်ချင်းပြန်
ဖြေလို့မအားတုန်း ဗျူဟာပိုင်က ထရပ်သည်။" အိမ်နောက်ဖေး ရေကန်အပေါ်က
ဖလားထဲမှာအခက်လိုက် ရေစိမ်ထားတယ် ဗျူဟာရေ မြန်မြန်လေး"သူလည်း အိမ်အလယ်က ဗီရိုထဲမှာ
dryer ရှာလို့အတွေ့ ဗျူဟာပိုင်က အိမ်နောက်ဖေးကနေ သစ်ခွပန်းခက်ကြီး
ကိုင်ပြီး အိမ်ရှေ့ပြန်ထွက်လာသည်။"ဒီပန်းတွေကဘယ်ကရတာလဲအစ်မ"
"မင်းဦးလေး မနေ့ညနေထဲကရက်ကွက်
ထဲကပန်းစိုက်တဲ့အိမ်ကဝယ်လာတာလေ ။သူ့မိန်းမကသတို့သမီးရဲ့အဒေါ်ဆိုတော့ အမျိုးတွေကြားထဲမှာ မျက်နှာမငယ်ရအောင်တဲ့ "
ESTÀS LLEGINT
The First He Glared
Novel·la juvenilမင်းကိုပြောပြချင်တဲ့အကြောင်းအရာတွေအတွက်အခွင့်ရှိနိုင်ပါ့မလား....