ဗျူဟာ ကားပေါ်ကဆင်းလိုက်ခြင်းပင်
အိမ်ရှေ့မှာဒေါ်လေးမြိုင်က အဆင်
သင့်စောင့်ကြိုနေသည်။ဦးထင်ပိုင် ကိုယ်တိုင်ဖုန်းဆက်ပြီး
ဥက္ကဌအိမ်ကို လာခဲ့ပါလို့
အမိန့်ပေးတော့ သူ့အဖေစကားကို မလွန်ဆန်နိုင်၍ အရောက်လာခဲ့
ခြင်း။" သခင်လေး အဖေဒေါသထွက်နေတယ် သတိထားပါ"
ခပ်တိုးတိုး သတိပေးစကားဆိုတဲ့
ဒေါ်လေးမြိုင်ကို ဗျူဟာ ခေါင်းငြိမ့်ပြပြီး အိမ်ထဲသို့ဝင်လာခဲ့လိုက်သည်။" ဗျူဟာက ငယ်ငယ်လေးထဲကအား
လုံးရဲ့ အလိုလိုက်တာကိုခံရပြီး
အရာရာသူ့သဘောအတိုင်းပဲ
သခင်လေးလိုနေခဲ့ရတာဆိုတော့
အန်တီနားလည်ပါတယ်။
သူ့ညီကိုပဲ ကျောင်းပြောင်းခိုင်း
လိုက်ပါမယ် "" မဟုတ်တာ အန်တီ"
" ဆန်းဆက်က သူ့အစ်ကိုကိုအမြဲ
လေးစားပြီး ခင်ချင်ရှာတာပါ။ ဗျူဟာ
က သူ့ညီလေးကို ဘာဖြစ်လို့အလို
မကျဖြစ်နေမှန်း အန်တီတို့ မသိပေမယ့်လည်း နားလည်ပေးပါတယ်၊။ အထိုး
ခံလိုက်ရတဲ့ဒဏ်ရာကြောင့် ပါးတစ်ဖက်ကတောင်ရောင်နေလို့ ထမင်းမစားနိုင်ဘူး ဘယ်လိုဖြစ်တယ်ဆိုတာ လည်း
လုံးဝမပြောပြဘူး သူ့အမေအတင်း
မေးမှ ဘယ်သူထိုးလိုက်တာလည်းဆိုတာ အန်တီတို့သိရတာ"ဧည့်ခန်းထဲကိုသူ ရောက်ရောက်ခြင်း
ပင် ဦးထင်ပိုင်နဲ့ ပုံမှန်ထက် အသံကျယ်ကာပြောနေသော ဒေါ် တင့်တင့်ရီသူမကြားလိုက်သလိုသာ ခြေလှမ်းတွေ ရှေ့ဆက်လိုက်လျက်။
" ကျွန်တော်ရောက်ပြီ အဖေ"
ဦးထင်ပိုင်က သူကိုလှည့်ကြည့်လာသည်။
" လာထိုင်"
" ဗျူဟာကို ဘာဖြစ်လို့ခေါ်လိုက်တာလဲသား "
" သူကိုယ်တိုင်ပြောတာ နားထောင်သင့်တယ်ထင်လို့"
သူ့အဖေဘေးမှာ ဝင်ထိုင်လိုက်တော့
ဦးထင်ပိုင်ရဲ့အသံက မာနေလျက်"ညီအစ်ကိုအချင်းချင်း ဘာဖြစ်လို့
ဆန်းဆက်ကို ထိုးလိုက်ရတာလဲဆိုတာ
ဗျူဟာ မင်းဆီကဖြေရှင်းချက်ကို
အဖေနားထောင်ချင်တယ်"
YOU ARE READING
The First He Glared
Teen Fictionမင်းကိုပြောပြချင်တဲ့အကြောင်းအရာတွေအတွက်အခွင့်ရှိနိုင်ပါ့မလား....