Chapter-22

1.6K 160 23
                                    

Year2015

"ဗျူဟာပိုင်"

" ဗျာ အမေ"

သားဖြစ်သူ အခန်းထဲကို ဒေါ်ခိုင်နီလာ တံခါး​ခေါက်ပြီးမှဝင်လာခြင်းပင်။

" မင်းကိုအမေဘာပြောထားလဲ။
ဘာမှာထားလဲသား"

"သား ဘာလုပ်မိလို့လဲအ​မေ။
အ​မေ့စကားအကုန်နား​ထောင်​နေတာပဲ"

"ဒီစ​နေ​နေ့ ဘုန်းပြည့်လာ​ခေါ်သွား
တုန်းက ဘယ်လိုဖြစ်ပြီးမင်းဦး​လေး
အိမ်ကို​ရောက်သွားပြန်တာလဲ။အဲ့ဒီ
အိမ်ကို မသွားနဲ့​တော့လို့ အမေသား
ကိုမမှာထားဘူးလား"

"ဘုန်းပြည့်က ဆန်းဆက်ဆီ သွား
မယ်ဆိုလို့လေ သူ့အိမ်ကကားဆရာ
နဲ့လာ​ခေါ်တာကို သားကမသွားဘူးလို့
​ပြောလို့ကောင်းမလား"

ဗျူဟာက laptopမှာကြည့်​နေတဲ့
ဇာတ်ကားကိုရပ်ထားလိုက်ပြီး​သောက်လက်စအ​အေးဘူးနဲ့မုန့်​တွေကို စားပွဲ
ခုံပေါ် တင်လိုက်သည်။

အ​မေစကားလာ​ပြောရင်သူဘာပဲ
လုပ်​နေ​နေ အ​လေးထားပြီး ပြန်​ပြောတတ်တာကလည်း သားရဲ့အကျင့်​လေးပင်။

"အ​မေတို့လူကြီး​တွေအချင်းချင်း
မတည့်ကြတာကအ​မေတို့ကိစ္စ​လေ
ကျွန်​တော်တို့ ကလေးတွေနဲ့ ဘာဆိုင်
လဲ။ကျွန်​တော်တို့က တစ်လိုင်း
အ​မေတို့ကတစ်လိုင်းပဲ​ ဦးတည်ချက်
မတူဘူး"

အမ​လေး သူ့ကိုယ်သူက​လေးတဲ့။
ဒီ​လောက်လည်​နေတာ​လေးက
က​လေးဖြစ်မလား။အ​မေ မဆူရက်
ပဲ ချစ်​အောင် စကားကလည်း
အမျိုးမျိုးပြောတတ်တယ်။

ဒေါ်ခိုင်နီလာ ပြုံးလျက်ပင် သား
ဖြစ်သူကိုအသည်းယားစွာနဲ့​ခေါင်း​
လေးကိုပုတ်လိုက်ပြီး။

"လူကြီးလိုကလည်း​ပြောတတ်ပါ့။
အ​မေတို့ကမတည့်ကြတာ မဟုတ်ပါ
ဘူး ။မင်းဦး​လေးမိန်းမက စကားကို
ဟိုလိုဒီလိုနည်းနည်း​ပြောတတ်တာ
သားသိတယ်မလား။
သားကစိတ်မြန်​တော့ စကားအမှား​
ပြောမိရင်အ​မေ့သားကလူကြီးကို
ရိုင်းတယ်ဆိုပြီးသူ့ပါးစပ်ကထွက်
လာမှာအ​မေစိုးရိမ်လို့။
သူနဲ့​တွေ့ရင် ဘယ်လိုရှောင်ရမလဲ
ဆိုတာ အ​မေသင်​ပေးထားတဲ့အ
တိုင်း​ပဲနေ။သူဘာ​ပြော​ပြောနား
မ​ထောင်နဲ့ ကြားလားသား"

The First He GlaredDonde viven las historias. Descúbrelo ahora