"နေစင်ဟန်"
ကန်တင်းမှာ သူ မနက်စာမှာဖို့ရပ်
စောင့်နေတုန်းမိန်းကလေးတစ်
ယောက်ရဲ့ ခေါ်သံကြောင့် ဘေးကို
ကြည့်မိသွားသည်။အမြဲပင်မျက်နှာက အကြည်ဓါတ်ရှိ
နေပြီး နှစ်လိုဖွယ်ကောင်းတဲ့အပြုံး
မျက်နှာလေးနဲ့ဝတ်ရည်ဦး။ဝတ်ရည်ဦး ဘေးမှာရပ်နေတာ
ကတော့ ဆန်းဆက်။နှစ်ယောက်လုံးကိုသူ အသာပြုံးပြ
လိုက်ရင်း တိုက်ဆိုင်မှုတစ်ခုကို
လုပ်ယူခဲ့လိုက်ရသည်။"ထပ်တွေ့တယ်နော် တစ်ယောက်ထဲ
လား မနက်စာထိုင်စားမှာမလား ငါတို့
တဝိုင်းထဲထိုင်ရအောင်""အင်း"
ဝတ်ရည်ကိုဖြေလိုက်လျက် ဆန်းဆက်
ကိုကြည့်လိုက်တော့ ဆန်းဆက်က
menu ကတ်ကိုသာကြည့်နေလျက်ပင်၊။သူတို့အရှေ့မှာ မှာသူတွေရှိနေတုန်း
ဝတ်ရည်ကသူ့ သူငယ်ချင်း
ကောင်မလေး တွေ ရောက်လာသဖြင့်
ရပ်နေရာကနေဆန်းဆက်နဲ့သူ့ကို
ထားသွားပြီး စကားသွားပြောသည်။" ဘာမှာမလို့လဲ"
ဝတ်ရည်သွားလိုက်မှပင် သူ့ကို
စကားပြောလာတဲ့ ဆန်းဆက်။"ကြက်ဆီထမင်း"
" မင်းရော ဘာမှာမလို့လဲ"
"မသိသေးဘူး ဘာမှာရင်ကောင်းမလဲ ထမင်းသုပ်ဆိုရင်ရော"
"ဝတ်ရည်အတွက်ကရော "
"အတူတူပဲ ဝတ်ရည်ကကိုးရီးယား
ထမင်းသုပ် ကြိုက်တယ်""မင်းဝိုင်းရအောင် သွားထိုင်ထား
လိုက်ပါလား မှာထားတာတွေ ငါ
ယူလာခဲ့ပေးမယ်""အအေးတွေပါ သယ်လို့ရရဲ့လား"
"အင်း ရတယ်"
ဆန်းဆက်က လှည့်ထွက်သွားခဲ့ပြီ။
ဝတ်ရည်အရှေ့မှာ ဆန်းဆက်က
ဘယ်သူ့ကိုမှ အတန်းရှင်းမပေးတဲ့ပုံ
မျိုးနေထားတာပင်။ကျောင်းကလည်းသူဌေးကျောင်း
ဆိုတော့ကန်တင်းက အစ ခေတ်မှီ
သပ်ရပ်ပြီး ကိုယ်တိုင်ကောင်တာမှာ
မှာရသည့်စနစ်ပင်။ ကျောင်းကသူတွေအတွက် ဖွင့်ထားသည့်တော်တော်
များများမှာလို့ရသည့်စားသောက်
ဆိုင်ကြီးကတစ်ဆိုင် ဘေးမှာ
အအေးဆိုင်ကသက်သက်တစ်ဆိုင်ပင်။ အသင့်စားဘူးလေးတွေနဲ့ထည့်ပေးပြီး ထိုင်စားရုံပင်။
YOU ARE READING
The First He Glared
Teen Fictionမင်းကိုပြောပြချင်တဲ့အကြောင်းအရာတွေအတွက်အခွင့်ရှိနိုင်ပါ့မလား....