ကားပေါ်ကဆင်းပြီးတာနဲ့ ကျောင်းဝန်း
ထဲမှာခြေချအပြီးနေစင် ကျောင်းအဆောက်အအုံကြီးကိုမော့ကြည့်မိသည်။ကျောင်းဝန်းနဲ့ ကျောင်းအဝင်အဝ
လမ်းမှာတင် သူ့အကျယ်အဝန်းနဲ့သူ
နေရာယူထားပြီး
ကျယ်ဝန်းတဲ့မြေနေရာ လေးထပ်
main building ကျောင်းအ
ဆောက်အဦးကလည်းခတ်ဒီဇိုင်းနဲ့အကျယ်အဝန်းတော်တော်လေးကိုကြီးသည်။အားကစားရုံကသက်သက် အဆောက်အဦးတစ်ခု။ ကျောင်းရဲ့
နာမည်နဲ့အတူ အရှိန်အဝါတစ်ခုက
ရှိနေသည့်ပုဂ္ဂလိကတက္ကသိုလ်ပင်။ကျောင်းဖွင့်ပြီးနှစ်ရက်လောက်အကြာ
မှနေစင်နဲ့အင်ကြင်းကျောင်းကို
စတက်ဖြစ်ကြတာ။ကျောင်းဝတ်စုံဆင်တူနဲ့သွားလာနေတဲ့ ကျောင်းသား ကျောင်းသူတွေ။
ထူးခြားတာ တခုကတစ်ခြားပုဂ္ဂလိကတက္ကသိုလ်တွေလိုမျိုးမဟုတ်ပဲ Parameဆိုသောမြန်မာနာမည်
နှင့်ပင်ဒီနိုင်ငံက တစ်ခြား
ထိပ်ဆုံးကပုဂ္ဂလိက တက္ကသိုလ်တွေ
နှင့်အတူ ရပ်တည်နေသည်။
နေစင်တို့က engineeringပိုင်း
ကိုတက်မှာ။first year မတက်ခင်foundationရှစ်လအရင်
တက်ရမှာဖြစ်သည်။" နေစင် ဘာရပ်လုပ်နေတာလဲ ငါတို့
အဆောင်ထဲသွားမယ်လေ""အင်း"
"အင်ကြင်း"
သက်ထားနဲ့အတူတူ လျှောက်လာ
နေရင်း လူတစုကြားမှာနေစင်တို့ကို
လက်ပြကာခေါ်နေတဲ့ ကေခိုင်။ကေခိုင်ကstageကျောင်းမှာတုန်းက အင်ကြင်းရဲ့ဟိုဘက်အခန်းက
သူငယ်ချင်း။နေစင် နဲ့တော့
ခေါ်ပြောဖူးရုံလောက်ပဲခင်တယ်။" နေစင် ငါတို့သွားကြည့်ရ
အောင် သီချင်းဆိုနေတာလားမသိဘူး"" ငါမကြည့်ချင်ဘူး အတန်းထဲ
အရင်သွားနှင့်လိုက်မယ်""ဟာ နင်ကလည်းလာပါ"
အင်ကြင်းအတင်းဆွဲခေါ်လာတာမို့
နေစင်ပါ လူအုပ်ဝိုင်းထားတဲ့ကြားကို ရောက်လာရသည်။ ကျောင်းသားကျောင်းသူတွေ တော်တော်များတယ်
အထူးသဖြင့် ကျောင်းသူတွေ။
bandလေးနဲ့ရပ်ပြီး သီချင်းဆိုနေကြတဲ့ကျောင်းသားတွေ ပါပဲ ။နေစင်တို့ ရောက်တော့Marshmelloရဲ့Happier
သီချင်းကိုacoustic verနဲ့
ဖျော်ဖြေနေသူ ကောင်လေးတ
ယောက်။ကေခိုင်ပြောပြတာတော့
ကျောင်းကvolunteerသမား
တွေအတွက် ရန်ပုံငွေရှာပေးတာတဲ့။
Music clubကသူတွေ ဆိုတော့လဲ
သူ့အသံလေးနဲ့သူမဆိုးပါဘူး။
STAI LEGGENDO
The First He Glared
Teen Fictionမင်းကိုပြောပြချင်တဲ့အကြောင်းအရာတွေအတွက်အခွင့်ရှိနိုင်ပါ့မလား....